ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ သီခ်င္းဆိုၿပိဳင္ပြဲ ပရိသတ္ေတြ Vote ေပးႏိုင္

0
338

ၿငိမ္းခ်မ္းေရး ဂီတပြဲေတာ္ သီခ်င္းဆိုၿပိဳင္ပြဲ Level (3) အဆင့္ ပြဲစဥ္ေတြအနက္ ပြဲစဥ္ (၁) ကို မေန႔က ႏိုဝင္ဘာ ၅ ရက္ေန႔က ေနျပည္ေတာ္မွာ စတင္ က်င္းပၿပီး အကဲျဖတ္ ဒိုင္ေတြရဲ႕ ဆံုးျဖတ္ခ်က္အျပင္ ပရိသတ္ေတြရဲ႕ Voting စနစ္လည္း ပါဝင္မွာ ျဖစ္ပါတယ္။

Level (3) အဆင့္ ပြဲစဥ္ေတြကို ေလးခုခြဲၿပီး က်င္းပမွာ ျဖစ္ပါတယ္။ ပရိသ္ေတြရဲ႕ Voting စနစ္အတြက္ SMS ေပးပို႔ႏိုင္တဲ့ ကုတ္နံပါတ္ေတြက MPT (7676)၊ တယ္လီေနာ (6600)၊ အူရီဒူး (6031) တို႔ကို ေပးပို႔ႏိုင္ၿပီး ၿပိဳင္ပြဲက်င္းပၿပီးစီးခ်ိန္က စကာ ၄၈ နာရီအတြင္း ေပးပို႔ရမွာ ျဖစ္ပါတယ္။

Level (3) အဆင့္ (၁) က ေရြးခ်ယ္ခံရသူေတြကို ႏိုဝင္ဘာ ၁၁ ရက္ေန႔ ရန္ကုန္ၿမိဳကမွာ က်င္းပမယ့္ ပြဲစဥ္ (၂) မွာ ေၾကညာေပးမွာ ျဖစ္ပါတယ္။ Level (3) အဆင့္မွာ ေရြးခ်ယ္ခံထားရသူ ၁၁ ဦးအနက္ကေန သံုးဦးကို ဖိုင္နယ္မွာ ေရြးခ်ယ္သြားမွာ ျဖစ္ပါတယ္။ ပထမဆု က်ပ္သိန္း ၃၀၀၊ ဒုတိယဆု က်ပ္သိန္း ၂၀၀၊ တတိယဆု က်ပ္သိန္း ၁၀၀ နဲ႔ ႏွစ္သိမ့္ဆု တစ္ခုကို က်ပ္သိန္း ၃၀ စီ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ငြိမ်းချမ်းရေး ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ ပရိသတ်တွေ Vote ပေးနိုင်

ငြိမ်းချမ်းရေး ဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲ Level (3) အဆင့် ပွဲစဉ်တွေအနက် ပွဲစဉ် (၁) ကို မနေ့က နိုဝင်ဘာ ၅ ရက်နေ့က နေပြည်တော်မှာ စတင် ကျင်းပပြီး အကဲဖြတ် ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်အပြင် ပရိသတ်တွေရဲ့ Voting စနစ်လည်း ပါဝင်မှာ ဖြစ်ပါတယ်။

Level (3) အဆင့် ပွဲစဉ်တွေကို လေးခုခွဲပြီး ကျင်းပမှာ ဖြစ်ပါတယ်။ ပရိသ်တွေရဲ့ Voting စနစ်အတွက် SMS ပေးပို့နိုင်တဲ့ ကုတ်နံပါတ်တွေက MPT (7676)၊ တယ်လီနော (6600)၊ အူရီဒူး (6031) တို့ကို ပေးပို့နိုင်ပြီး ပြိုင်ပွဲကျင်းပပြီးစီးချိန်က စကာ ၄၈ နာရီအတွင်း ပေးပို့ရမှာ ဖြစ်ပါတယ်။

Level (3) အဆင့် (၁) က ရွေးချယ်ခံရသူတွေကို နိုဝင်ဘာ ၁၁ ရက်နေ့ ရန်ကုန်မြိုကမှာ ကျင်းပမယ့် ပွဲစဉ် (၂) မှာ ကြေညာပေးမှာ ဖြစ်ပါတယ်။ Level (3) အဆင့်မှာ ရွေးချယ်ခံထားရသူ ၁၁ ဦးအနက်ကနေ သုံးဦးကို ဖိုင်နယ်မှာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ပထမဆု ကျပ်သိန်း ၃၀ဝ၊ ဒုတိယဆု ကျပ်သိန်း ၂၀ဝ၊ တတိယဆု ကျပ်သိန်း ၁၀ဝ နဲ့ နှစ်သိမ့်ဆု တစ်ခုကို ကျပ်သိန်း ၃၀ စီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)