ဘိုင္အိုမက္ထရစ္ နည္းနဲ႔ မြတ္စလင္ ဒုကၡသည္ ၄ သိန္း မွတ္ပံုတင္

0
334

ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေရာက္ မြတ္စလင္ေတြဟာ မွတ္ပံုတင္ဌာန ၁၀၀ မွာ မနက္ ၉ နာရီကေန ညေန ၅ နာရီအတြင္း ဘိုင္ဘိုမက္ထရစ္ နည္းနဲ႔ မွတ္ပံုတင္ေနၾကတာ ၄ သိန္းရွိၿပီးလို႔ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္ဖြဲ႔က ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ႏိုင္ငံကူးလက္မွတ္ ထုတ္ေပးေရးဌာနရဲ႕ ႀကီးၾကပ္မႈနဲ႔ ဘဂၤလားေဒ့ရွ္ နယ္ျခားေစာင့္တပ္နဲ႔ ဘဂၤလားေဒ့ရွ္ စစ္တပ္တို႔ အကူအညီယူၿပီး ဘိုင္အိုမက္ထရစ္ နည္းနဲ႔ မွတ္ပံုတင္ေနတာ ျဖစ္ပါတယ္။ ဘုိင္အိုမက္ထရစ္ မွတ္ပံုတင္မႈဟာ တစ္လအတြင္း ၿပီးစီးႏိုင္တယ္လို႔ ဘဂၤလားေဒ့ရွ္ အရာရွိေတြက ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ ၾသဂုတ္လ ၂၅ ရက္ေန႔ အၾကမ္းဖက္ တိုက္ခိုက္မႈေတြ အၿပီး ဘဂၤလားေဒ့ရွ္ဘက္ ထြက္ေျပးသူ ၆ သိန္း ၇ ေသာင္း ရွိတယ္လို႔ ကုလသမဂၢက ထုတ္ျပန္ထားပါတယ္။
……………………. ။ ။ …………………….

ဘိုင်အိုမက်ထရစ် နည်းနဲ့ မွတ်စလင် ဒုက္ခသည် ၄ သိန်း မှတ်ပုံတင်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းရောက် မွတ်စလင်တွေဟာ မှတ်ပုံတင်ဌာန ၁၀ဝ မှာ မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း ဘိုင်ဘိုမက်ထရစ် နည်းနဲ့ မှတ်ပုံတင်နေကြတာ ၄ သိန်းရှိပြီးလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနရဲ့ ကြီးကြပ်မှုနဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ ဘင်္ဂလားဒေ့ရှ် စစ်တပ်တို့ အကူအညီယူပြီး ဘိုင်အိုမက်ထရစ် နည်းနဲ့ မှတ်ပုံတင်နေတာ ဖြစ်ပါတယ်။ ဘိုင်အိုမက်ထရစ် မှတ်ပုံတင်မှုဟာ တစ်လအတွင်း ပြီးစီးနိုင်တယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ အပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသူ ၆ သိန်း ၇ သောင်း ရှိတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)