
0
356



………………. ။ ။ ………………..

ဝမ်းတွင်းမြို့မှာ ကျည်မျိုးစုံ ၁၄၇ တောင့် တွေ့ရှိ

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့၊ (၂) ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဘေးမှာ စက္ကူဗူးတွေနဲ့ ထည့်ထားတဲ့ ကျည်ဆန်မျိုးစုံ တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်-မန္တလေး ကားလမ်းဘေး မြက်ခင်းပေါ်မှာ စက္ကူဗူးတွေနဲ့ ထည့်ထားတဲ့ ၃၈ ဗို့ကျည် အတောင့် ၂၀၊ ၃၂ ဗို့ ကျည် အတောင့် ၅၀၊ အမျိုးအမည် စိစစ်ဆဲ ကျည် ၇၇ တောင့်၊ စုစုပေါင်း ၁၄၇ တောင့် တွေ့ရှိခဲ့ပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း ဒုရဲမှူး မြင့်သန်း ဦးစီးတဲ့အဖွဲ့က သွားရောက် စစ်ဆေးပြီး စအရ (၉၁၀) မိတ္ထီလာကို လွှဲပြောင်း အပ်နှံထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)