လင္မယား စကားမ်ားတာ ဖ်န္ေျဖသူ ဓားခုတ္ခံရ

0
281

ပဲခူးတိုင္း၊ ဘုရားႀကီးၿမိဳ႕နယ္မွာ လင္မယားခ်င္း စကားမ်ားတာကို ဝင္ေရာက္ ဖ်န္ေျဖသူ ဓားနဲ႔ အခုတ္ခံရၿပီး ေနအိမ္ မီး႐ိႈ႕ထြက္ေျပးမႈ ျဖစ္ပြားခဲ့ပါတယ္။

မေန႔က ေအာက္တိုဘာ ၅ ရက္ေန႔မွာ ေတာင္ဆတ္အင္းေက်းရြာေန ဝင္းပိုင္နဲ႔ ေအးခိုင္တို႔ လင္မယားႏွစ္ဦး စကားမ်ားတာကို ဝင္ေရာက္ ဖ်န္ေျဖသူ ဦးျမင့္ႏိုင္ (၄၅ ႏွစ္) ကို ဝင္းပိုင္က ဓားနဲ႔ ခုတ္ခဲ့လို႔ လည္ပင္းျပတ္ရွ ဒဏ္ရာရၿပီး ေသဆံုးသြားပါတယ္။ အဲဒီေနာက္ ဝင္းပိုင္က ေနအိမ္ကိုျပန္ၿပီး တဲအိမ္ကို မီး႐ိႈ႕ကာ ထြက္ေျပးသြားခဲ့ပါတယ္။

မီးေလာင္ရာကို ဘုရားႀကီးနယ္ေျမ မီးသတ္စခန္းက လာေရာက္ ၿငိမ္းသတ္ခဲ့ပါတယ္။ ဦးျမင့္ႏိုင္ရဲ႕ ဇနီး ေဒၚသန္းေဌးက ဘုရားႀကီးၿမိဳ႕နယ္ ရဲစခန္းကို လာေရာက္ တိုင္ၾကားခဲ့တဲ့အတြက္ အမႈဖြင့္စံုစမ္းေနပါတယ္။
………………….. ။ ။ …………………..

လင်မယား စကားများတာ ဖျန်ဖြေသူ ဓားခုတ်ခံရ

ပဲခူးတိုင်း၊ ဘုရားကြီးမြို့နယ်မှာ လင်မယားချင်း စကားများတာကို ဝင်ရောက် ဖျန်ဖြေသူ ဓားနဲ့ အခုတ်ခံရပြီး နေအိမ် မီးရှို့ထွက်ပြေးမှု ဖြစ်ပွားခဲ့ပါတယ်။
မနေ့က အောက်တိုဘာ ၅ ရက်နေ့မှာ တောင်ဆတ်အင်းကျေးရွာနေ ဝင်းပိုင်နဲ့ အေးခိုင်တို့ လင်မယားနှစ်ဦး စကားများတာကို ဝင်ရောက် ဖျန်ဖြေသူ

ဦးမြင့်နိုင် (၄၅ နှစ်) ကို ဝင်းပိုင်က ဓားနဲ့ ခုတ်ခဲ့လို့ လည်ပင်းပြတ်ရှ ဒဏ်ရာရပြီး သေဆုံးသွားပါတယ်။ အဲဒီနောက် ဝင်းပိုင်က နေအိမ်ကိုပြန်ပြီး တဲအိမ်ကို မီးရှို့ကာ ထွက်ပြေးသွားခဲ့ပါတယ်။

မီးလောင်ရာကို ဘုရားကြီးနယ်မြေ မီးသတ်စခန်းက လာရောက် ငြိမ်းသတ်ခဲ့ပါတယ်။ ဦးမြင့်နိုင်ရဲ့ ဇနီး ဒေါ်သန်းဌေးက ဘုရားကြီးမြို့နယ် ရဲစခန်းကို လာရောက် တိုင်ကြားခဲ့တဲ့အတွက် အမှုဖွင့်စုံစမ်းနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)