ေအာင္လအန္ဆန္ကို ဒုသမၼတနဲ႔ တပ္ခ်ဳပ္ ဂုဏ္ျပဳ

0
398

ကမာၻ႔ကိုယ္ခံပညာေပါင္းစံု (MMA) One Hero’s Dream ၿပိဳင္ပြဲမွာ အႏိုင္ရခဲ့တဲ့ ေအာင္လအန္ဆန္ကို ဒု သမၼတ ဦးဟင္နရီ ဗန္ထီးယူ၊ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနနဲ႔ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္တို႔က ခ်ီက်ဴး ဂုဏ္ျပဳလႊာေတြ ေပးအပ္ခဲ့ပါတယ္။

One Championship အဖြဲ႔က ရန္ကုန္ၿမိဳ႕မွာ ႏိုဝင္ဘာ ၃ ရက္ေန႔က က်င္းပတဲ့ ျမန္မာႏိုင္ငံ Middle Weight တန္းမွာ ေအာင္လအန္ဆန္းက စိန္ေခၚသူ Heavy Weight တန္း ကစ္ေဘာက္ဆင္ ကမာၻ႔ခ်န္ပီယံ အလိန္းဂါလာနီကို ပထမအခ်ီမွာတင္ အႏိုင္ရခဲ့ပါတယ္။

ဒု သမၼတ ဦးဟင္နရီ ဗန္ထီးယူက ရန္ကုန္ၿမိဳ႕ရွိ သူ႔ရဲ႕ ေနအိမ္မွာ ေအာင္လအန္ဆန္ကို လက္ခံေတြ႔ဆံုၿပီး ဂုဏ္ျပဳ အမွတ္တရ လက္ေဆာင္ေပးခဲ့ပါတယ္။ က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီး ေဒါက္တာ ျမင့္ေထြးက ေအာက္တိုဘာ ၅ ရက္ေန႔မွာ ဂုဏ္ျပဳလႊာ ေပးအပ္ၿပီး ေန႔လယ္စာနဲ႔ တည္ခင္း ဧည့္ခံခဲ့ပါတယ္။ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရဲ႕ ဂုဏ္ျပဳစာလႊာကိုေတာ့ ရန္ကုန္ၿမိဳ႕၊ ဆီဒိုးနားဟိုတယ္မွာ ရန္ကုန္တိုင္း စစ္ဌာနခ်ဳပ္က ဗိုလ္မႉးႀကီး မင္းသကဦးက သြားေရာက္ ေပးအပ္ခဲ့ပါတယ္။
………………….. ။ ။ …………………….

အောင်လအန်ဆန်ကို ဒုသမ္မတနဲ့ တပ်ချုပ် ဂုဏ်ပြု
ကမ္ဘာ့ကိုယ်ခံပညာပေါင်းစုံ (MMA) One Hero’s Dream ပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ အောင်လအန်ဆန်ကို ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ချီကျူး ဂုဏ်ပြုလွှာတွေ ပေးအပ်ခဲ့ပါတယ်။

One Championship အဖွဲ့က ရန်ကုန်မြို့မှာ နိုဝင်ဘာ ၃ ရက်နေ့က ကျင်းပတဲ့ မြန်မာနိုင်ငံ Middle Weight တန်းမှာ အောင်လအန်ဆန်းက စိန်ခေါ်သူ Heavy Weight တန်း ကစ်ဘောက်ဆင် ကမ္ဘာ့ချန်ပီယံ အလိန်းဂါလာနီကို ပထမအချီမှာတင် အနိုင်ရခဲ့ပါတယ်။

ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူက ရန်ကုန်မြို့ရှိ သူ့ရဲ့ နေအိမ်မှာ အောင်လအန်ဆန်ကို လက်ခံတွေ့ဆုံပြီး ဂုဏ်ပြု အမှတ်တရ လက်ဆောင်ပေးခဲ့ပါတယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အောက်တိုဘာ ၅ ရက်နေ့မှာ ဂုဏ်ပြုလွှာ ပေးအပ်ပြီး နေ့လယ်စာနဲ့ တည်ခင်း ဧည့်ခံခဲ့ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ဂုဏ်ပြုစာလွှာကိုတော့ ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး မင်းသကဦးက သွားရောက် ပေးအပ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)