လိပ္ကြ်န္းအမႈ အယူခံ ခုခံေခ်ပ ေလွ်ာက္လဲခြင့္ တစ္လ ထပ္မံရက္တိုး ရရွိ

0
298

ထိုင္းႏိုင္ငံ၊ လိပ္ကြ်န္း (ခိုေတာင္) လူသတ္မႈနဲ႔ စြပ္စြဲခံထားရတဲ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား ႏွစ္ဦး အယူခံေလွ်ာက္လႊာအေပၚ ထိုင္းအစိုးရ ေရွ႕ေနေတြဘက္က ခုခံေခ်ပေလွ်ာက္လႊဲခ်က္ကို ရက္တိုး ထပ္မံခြင့္ျပဳခ်က္ တစ္လ ရရွိထားပါတယ္။

ထိုင္းအစိုးရ ေရွ႕ေနေတြဘက္က အဆင္သင့္ မျဖစ္ေသးတဲ့အတြက္ ထိုင္း ဗဟိုတရား႐ံုးခ်ဳပ္ကို တစ္လ ရက္တိုး ေတာင္းခံခဲ့တာ ျဖစ္ၿပီး ႏိုဝင္ဘာ ၂၂ ရက္အထိ ထပ္မံရက္တိုး ရရွိခဲ့တာ ျဖစ္ပါတယ္။

ဘန္ေကာက္ၿမိဳ႕ ဘန္ခဝင္ အက်ဥ္းေထာင္မွာ ရွိေနတဲ့ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ အျမန္ဆံုးလြတ္ေျမာ္ကႏိုင္ေရးအတြက္ ဘန္ေကာက္ ျမန္မာသံ႐ံုး အထူးစံုစမ္းေရး ေကာ္မတီအဖြဲ႔နဲ႔ ျမန္မာႏိုင္ငံက ကိုယ္စားလွယ္ ဥပေဒပညာရွင္ေတြက ႀကိဳးစားေဆာင္ရြက္ေနၾကပါတယ္။

၂၀၁၄ ခုႏွစ္ စက္တင္ဘာလက လိပ္ကြ်န္းမွာ ၿဗိတိန္ႏိုင္ငံသား ေဒးဗစ္ ေမလာနဲ႔ ဟန္နာ ဝစ္သာရစ္ဂ်္တို႔ အသတ္ခံရမႈမွာ ဝင္းေဇာ္ထြန္းနဲ႔ ေဇာ္လင္းတို႔ စြပ္စြဲထားတာ ျဖစ္ပါတယ္။
…………………. ။ ။ ……………………

လိပ်ကျွန်းအမှု အယူခံ ခုခံချေပ လျှောက်လဲခွင့် တစ်လ ထပ်မံရက်တိုး ရရှိ

ထိုင်းနိုင်ငံ၊ လိပ်ကျွန်း (ခိုတောင်) လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား နှစ်ဦး အယူခံလျှောက်လွှာအပေါ် ထိုင်းအစိုးရ ရှေ့နေတွေဘက်က ခုခံချေပလျှောက်လွှဲချက်ကို ရက်တိုး ထပ်မံခွင့်ပြုချက် တစ်လ ရရှိထားပါတယ်။

ထိုင်းအစိုးရ ရှေ့နေတွေဘက်က အဆင်သင့် မဖြစ်သေးတဲ့အတွက် ထိုင်း ဗဟိုတရားရုံးချုပ်ကို တစ်လ ရက်တိုး တောင်းခံခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်အထိ ထပ်မံရက်တိုး ရရှိခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ ဘန်ခဝင် အကျဉ်းထောင်မှာ ရှိနေတဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ အမြန်ဆုံးလွတ်မြော်ကနိုင်ရေးအတွက် ဘန်ကောက် မြန်မာသံရုံး အထူးစုံစမ်းရေး ကော်မတီအဖွဲ့နဲ့ မြန်မာနိုင်ငံက ကိုယ်စားလှယ် ဥပဒေပညာရှင်တွေက ကြိုးစားဆောင်ရွက်နေကြပါတယ်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ဒေးဗစ် မေလာနဲ့ ဟန်နာ ဝစ်သာရစ်ဂျ်တို့ အသတ်ခံရမှုမှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ စွပ်စွဲထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)