ရန္ကုန္မွာ ေရႊ႕ေျပာင္းလုပ္သား ၁၄ ရာခိုင္ႏႈန္းအထိ တိုးလာ

0
436

ရန္ကုန္တိုင္းေဒသႀကီးကို ေျပာင္းေရႊ႕လာတဲ့ ေရႊ႕ေျပာင္းလုပ္သားဟာ ၁၁ ရာခိုင္ႏႈန္းကေန ၁၄ ရာခိုင္ႏႈန္းအထိ တိုးလာတယ္လို႔ ရန္ကုန္တိုင္း ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာ ဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးက ေျပာပါတယ္။

ႏိုဝင္ဘာလ ၅ ရက္ေန႔က ရန္ကုန္တကၠသိုလ္မွာ က်င္းပတဲ့ လူငယ္ႏွင့္ အလုပ္အကိုင္ အခြင့္အလမ္း ျပည္သူ႔စကားဝိုင္းမွာ ဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးက ေျပာသြားတာ ျဖစ္ပါတယ္။

ဧရာဝတီ၊ ပဲခူး သတဲ့ နီးစပ္ရာတိုင္းေဒသႀကီးေတြနဲ႔ ျပည္နယ္တို႔က အလႊာအသီးသီး၊ အမ်ိဳးအစား စံုလင္စြာ ေျပာင္းေရႊ႕လာၾကတာ ျဖစ္ေၾကာင္း၊ တျခားတိုင္းေဒသႀကီးေတြနဲ႔ ျပည္နယ္ေတြကလည္း နည္းပညာအသစ္ေတြ သင္ယူေလ့လာဖို႔ ရန္ကုန္ကို ေျပာင္းေရႊ႕လာၾကတာ ျဖစ္ပါတယ္။

ရန္ကုန္တိုင္းရွိ စက္မႈဇုန္ ၂၉ ခုမွာ အမ်ိဳးသမီးငယ္ ၇၀ ရာခိုင္ႏႈန္းအလုပ္လုပ္ေနၿပီး အထည္ခ်ဳပ္ လုပ္ငန္းေတြမွာ ျဖစ္ပါတယ္။ တျခား ၃၀ ရာႏႈန္းက စက္မႈလုပ္ငန္းနဲ႔ ပတ္သက္တဲ့ အလုပ္အကိုင္ေတြမွာ လုပ္ကိုင္ေနၾကပါတယ္။
……………………. ။ ။ ……………………..

ရန်ကုန်မှာ ရွှေ့ပြောင်းလုပ်သား ၁၄ ရာခိုင်နှုန်းအထိ တိုးလာ

ရန်ကုန်တိုင်းဒေသကြီးကို ပြောင်းရွှေ့လာတဲ့ ရွှေ့ပြောင်းလုပ်သားဟာ ၁၁ ရာခိုင်နှုန်းကနေ ၁၄ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက်နေ့က ရန်ကုန်တက္ကသိုလ်မှာ ကျင်းပတဲ့ လူငယ်နှင့် အလုပ်အကိုင် အခွင့်အလမ်း ပြည်သူ့စကားဝိုင်းမှာ ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောသွားတာ ဖြစ်ပါတယ်။

ဧရာဝတီ၊ ပဲခူး သတဲ့ နီးစပ်ရာတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တို့က အလွှာအသီးသီး၊ အမျိုးအစား စုံလင်စွာ ပြောင်းရွှေ့လာကြတာ ဖြစ်ကြောင်း၊ တခြားတိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေကလည်း နည်းပညာအသစ်တွေ သင်ယူလေ့လာဖို့ ရန်ကုန်ကို ပြောင်းရွှေ့လာကြတာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းရှိ စက်မှုဇုန် ၂၉ ခုမှာ အမျိုးသမီးငယ် ၇၀ ရာခိုင်နှုန်းအလုပ်လုပ်နေပြီး အထည်ချုပ် လုပ်ငန်းတွေမှာ ဖြစ်ပါတယ်။ တခြား ၃၀ ရာနှုန်းက စက်မှုလုပ်ငန်းနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်တွေမှာ လုပ်ကိုင်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)