အကယ္ဒမီ ေဆြဇင္ထိုက္ ျပင္သစ္ စာေပအႏုပညာ သူရဲေကာင္းဆု ခ်ီးျမႇင့္ခံရ

0
448

သ႐ုပ္ေဆာင္ အကယ္ဒမီ ေဒၚေဆြဇင္ထိုက္ကို ျပင္သစ္ႏိုင္ငံ ယဥ္ေက်းမႈႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနက စာေပ အႏုပညာသူရဲေကာင္း ဆုတံဆိပ္ ေပးအပ္ခ်ီးျမွင့္ပါတယ္။

ဆုခ်ီးျမွင့္ပြဲကို ႏိုဝင္ဘာလ ၄ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ဆူးေလ ရွန္ဂရီလာဟိုတယ္မွာ က်င္းပၿပီး ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာ ေဖျမင့္၊ ျမန္မာႏိုင္ငံဆိုင္ရာ ျပင္သစ္သံအမတ္ႀကီး မစၥတာ အိုလီဗီယာ ရစ္ခ်တ္တို႔ တက္ေရာက္ပါတယ္။

စာေပႏွင့္ အႏုပညာသူရဲေကာင္းတံဆိပ္ဟာ ျပင္သစ္ႏိုင္ငံ ေႏြဦးရာသီဆု ခ်ီးျမွင့္တဲ့ အစီအစဥ္ရဲ႕ အစိတ္အပိုင္းတစ္ခုျဖစ္ၿပီး ျပင္သစ္ႏိုင္ငံ ဝန္ႀကီးဌာနေတြက ေပးအပ္ခ်ီးျမွင့္တဲ့ အဓိက ဆုႀကီး ေလးခုအနက္ တစ္ခု ျဖစ္ပါတယ္။
……………….. ။ ။ ………………..

အကယ်ဒမီ ဆွေဇင်ထိုက် ပြင်သစ် စာပေအနုပညာ သူရဲကောင်းဆု ချီးမြှင့်ခံရ

သရုပ်ဆောင် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်ကို ပြင်သစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက စာပေ အနုပညာသူရဲကောင်း ဆုတံဆိပ် ပေးအပ်ချီးမြှင့်ပါတယ်။

ဆုချီးမြှင့်ပွဲကို နိုဝင်ဘာလ ၄ ရက်နေ့က ရန်ကုန်မြို့၊ ဆူးလေ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပပြီး ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်၊ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး မစ္စတာ အိုလီဗီယာ ရစ်ချတ်တို့ တက်ရောက်ပါတယ်။

စာပေနှင့် အနုပညာသူရဲကောင်းတံဆိပ်ဟာ ပြင်သစ်နိုင်ငံ နွေဦးရာသီဆု ချီးမြှင့်တဲ့ အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံ ဝန်ကြီးဌာနတွေက ပေးအပ်ချီးမြှင့်တဲ့ အဓိက ဆုကြီး လေးခုအနက် တစ်ခု ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)