ျမန္မာေတြ ကယ္ဆယ္ထားတဲ့ အိႏၵိယ ေရလုပ္သား ေနရပ္ျပန္

0
1034

အန္ဒမန္ပင္လယ္ထဲမွာ ၁၅ ရက္ၾကာ ေမ်ာပါၿပီး ျမန္မာႏိုင္ငံမွာ ႏွစ္လနီးပါး ေသာင္တင္ေနတဲ့ အိႏၵိယေရလုပ္သား ဘစၥဝါနတ္ ရြိဳင္ (၄၉ ႏွစ္) ဟာ မေန႔က ေအာက္တိုဘာ ၅ ရက္ေန႔မွာ အိႏၵိယကို ျပန္ႏိုင္ၿပီ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္ ၃၁ ရက္ေန႔မွာ ငါးဖမ္းထြက္လာၿပီးေနာက္ ေလွပ်က္ၿပီး ပင္လယ္ထဲမွာ ၁၅ ရက္ၾကာ ေမွ်ာပါခဲ့တဲ့ ရြိဳင္ဟာ မေန႔က ကိုလ္ကတၱား ေလဆိပ္ကို ေရာက္ရွိသြားၿပီး သူ႔ညီျဖစ္သူ ရွီဘူ ရြိဳင္က လာေရာက္ႀကိဳဆိုခဲ့တယ္လို႔ အိႏၵိယ အိက္စ္ပရက္စ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ဧရာဝတီတိုင္း၊ ဖ်ာပံုၿမိဳ႕နယ္အနီးမွာ ရြိဳင္ကို ရဲေတြက ေတြ႔ရွိၿပီးေနာက္ အိႏၵိယကလို႔ ထင္တဲ့အတြက္ ဟင္ဒီ စကား ေျပာတတ္သူေတြ ေခၚယူၿပီး ေမးျမန္းကာ ဟိႏၵဴအသိုင္းအဝိုင္းေတြရွိတဲ့ ကာလီမယ္ေတာ္ေက်ာင္းမွာ ေခၚယူ ေစာင့္ေရွာက္ထားတာ ျဖစ္ပါတယ္။
>>>>>>>>>>>>>>>>>>>>>>>>>>>
မြန်မာတွေ ကယ်ဆယ်ထားတဲ့ အိန္ဒိယ ရေလုပ်သား နေရပ်ပြန်

အန်ဒမန်ပင်လယ်ထဲမှာ ၁၅ ရက်ကြာ မျောပါပြီး မြန်မာနိုင်ငံမှာ နှစ်လနီးပါး သောင်တင်နေတဲ့ အိန္ဒိယရေလုပ်သား ဘစ္စဝါနတ် ရွိုင် (၄၉ နှစ်) ဟာ မနေ့က အောက်တိုဘာ ၅ ရက်နေ့မှာ အိန္ဒိယကို ပြန်နိုင်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ ငါးဖမ်းထွက်လာပြီးနောက် လှေပျက်ပြီး ပင်လယ်ထဲမှာ ၁၅ ရက်ကြာ မျှောပါခဲ့တဲ့ ရွိုင်ဟာ မနေ့က ကိုလ်ကတ္တား လေဆိပ်ကို ရောက်ရှိသွားပြီး သူ့ညီဖြစ်သူ ရှီဘူ ရွိုင်က လာရောက်ကြိုဆိုခဲ့တယ်လို့ အိန္ဒိယ အိက်စ်ပရက်စ် သတင်းမှာ ဖော်ပြထားပါတယ်။

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်အနီးမှာ ရွိုင်ကို ရဲတွေက တွေ့ရှိပြီးနောက် အိန္ဒိယကလို့ ထင်တဲ့အတွက် ဟင်ဒီ စကား ပြောတတ်သူတွေ ခေါ်ယူပြီး မေးမြန်းကာ ဟိန္ဒူအသိုင်းအဝိုင်းတွေရှိတဲ့ ကာလီမယ်တော်ကျောင်းမှာ ခေါ်ယူ စောင့်ရှောက်ထားတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)