အိႏၵိယက ျပန္ပို႔လိုက္တဲ့ ဘဂၤါလီ ခုနစ္ဦးကို တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈနဲ႔ အေရးယူဖြယ္ရွိ

0
1341

အိႏၵိယ အစိုးရက ေအာက္တိုဘာ ၄ ရက္ေန႔မွာ မိုးေရး နယ္စပ္ဂိတ္ကေန ျပန္ပို႔လိုက္တဲ့ ဘဂၤါလီ ခုနစ္ဦးဟာ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈနဲ႔ အေရးယူခံရဖြယ္ ရွိတယ္လို႔ အိႏၵိယ အိက္စ္ပရက္စ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

အိႏၵိယ အိက္စ္ပရက္စ္က အိႏၵိယရွိ ျမန္မာသံ႐ံုးကို ဆက္သြယ္ ေမးျမန္းရာမွာ သူတို႔ရဲ႕ ႏိုင္ငံသား စိစစ္ေရး ေလွ်ာက္လႊာကို လက္ခံရရွိၿပီး ျမန္မာ အာဏာပိုင္ေတြက စစ္ေဆးအတည္ျပဳခဲ့ေၾကာင္း၊ သံ႐ံုးက ခရီးသြား စာရြက္စာတမ္း ထုတ္ေပးခဲ့ၿပီး မိုးေရး နယ္စပ္ဂိတ္ရွိ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက တာဝန္ရွိသူေတြက လႊဲေျပာင္း ယူခဲ့ၿပီး တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္မႈနဲ႔ ထိန္းသိမ္းထားေၾကာင္း ေျဖၾကားခဲ့ပါတယ္။

ဘဂၤါလီ မြတ္စလင္ အမ်ိဳးသား ခုနစ္ဦးကို အိႏၵိယႏို္င္ငံ၊ အာသံျပည္နယ္မွာ ၂၀၁၂ က တရားမဝင္ ဝင္ေရာက္မႈနဲ႔ ဆီလ္ခ်ာမွာ ဖမ္းဆီးထိန္းသိမ္းထားခဲ့တာ ျဖစ္ၿပီး အခု ျပည္ႏွင္ဒဏ္ေပးကာ ျမန္မာအစိုးရဆီ လႊဲေျပာင္းခဲ့တာ ျဖစ္ပါတယ္။ ကုလသမဂၢကေတာ့ ဘဂၤါလီ ခုနစ္ဦးအတြက္ စိုးရိမ္ပူပန္ေၾကာင္း ေျပာဆိုထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

အိန္ဒိယက ပြန်ပို့လိုက်တဲ့ ဘင်္ဂါလီ ခုနစ်ဦးကို တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူဖွယ်ရှိ

အိန္ဒိယ အစိုးရက အောက်တိုဘာ ၄ ရက်နေ့မှာ မိုးရေး နယ်စပ်ဂိတ်ကနေ ပြန်ပို့လိုက်တဲ့ ဘင်္ဂါလီ ခုနစ်ဦးဟာ တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ အရေးယူခံရဖွယ် ရှိတယ်လို့ အိန္ဒိယ အိက်စ်ပရက်စ် သတင်းမှာ ဖော်ပြထားပါတယ်။

အိန္ဒိယ အိက်စ်ပရက်စ်က အိန္ဒိယရှိ မြန်မာသံရုံးကို ဆက်သွယ် မေးမြန်းရာမှာ သူတို့ရဲ့ နိုင်ငံသား စိစစ်ရေး လျှောက်လွှာကို လက်ခံရရှိပြီး မြန်မာ အာဏာပိုင်တွေက စစ်ဆေးအတည်ပြုခဲ့ကြောင်း၊ သံရုံးက ခရီးသွား စာရွက်စာတမ်း ထုတ်ပေးခဲ့ပြီး မိုးရေး နယ်စပ်ဂိတ်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ရှိသူတွေက လွှဲပြောင်း ယူခဲ့ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော်မှုနဲ့ ထိန်းသိမ်းထားကြောင်း ဖြေကြားခဲ့ပါတယ်။

ဘင်္ဂါလီ မွတ်စလင် အမျိုးသား ခုနစ်ဦးကို အိန္ဒိယနိ်ုင်ငံ၊ အာသံပြည်နယ်မှာ ၂၀၁၂ က တရားမဝင် ဝင်ရောက်မှုနဲ့ ဆီလ်ချာမှာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာ ဖြစ်ပြီး အခု ပြည်နှင်ဒဏ်ပေးကာ မြန်မာအစိုးရဆီ လွှဲပြောင်းခဲ့တာ ဖြစ်ပါတယ်။ ကုလသမဂ္ဂကတော့ ဘင်္ဂါလီ ခုနစ်ဦးအတွက် စိုးရိမ်ပူပန်ကြောင်း ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)