
0
348



……………….. ။ ။ …………………..

အာရှလမ်းမကြီးမှာ ဂတ်စ်အိုး ရာနဲ့ချီ တင်လာတဲ့ ၁၂ ဘီးယာဉ် မှောက်
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၊ နတ်စင်ကွေ့အနီးမှာ ဂက်စ်အိုးတွေ တင်ဆောင်လာတဲ့ ၁၂ ဘီး ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလ ၅ ရက်၊ မွန်းလွဲ ၃ နာရီခန့် မှာ မြဝတီကကော့ကရိတ်ကို ဂက်စ်အိုး ၁၉၇ လုံး တင်ဆောင်လာတဲ့ ၁၂ ဘီး အနီရောင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းရဲ့ယာဘက်ခြမ်းကို ထိုးကျ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။

ယာဉ်ကိုမဆင်မခြင်မောင်းနှင်ပြီးထွက်ပြေးတိမ်းရှောင်နေတဲ့ ထွန်းထွန်းဝင်းဆိုသူကို ကော့ကရိတ်မြို့မ ရဲစခန်းက ယာဉ်(ပ)၇၅/၂ဝ၁၇၊ ရာဇသတ်ကြီးပုဓ်မ ၂၇၉/၂ဝ၂ ဖြင့် အမှုဖွင့်လှစ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)