တေကာင္းေတာင္ စီမံကိန္းအေရးနဲ႔ ပက္သက္ၿပီး အစိုးရ လ်စ္လ်ဴရႈသလို ျဖစ္ေန

0
403

ျမန္မာနိုင္ငံ အထက္ပိုင္းက တေကာင္းေတာင္နီကယ္ စီမံကိန္းအတြက္ သိမ္းယူထားတဲ့ေျမယာ ကိစၥေတြ ၊ စက္ရံုကအလုပ္သမားေတြရဲ႕ ခြဲျခားဆက္ဆံခံေနရမႈေတြ၊ လယ္ေျမေတြမွာ ေျမနီဖံုးလႊမ္းမႈေတြၾကာင့္ စိုက္ပ်ိဳးမရေတာ့တဲ့အေျခအေနေတြကို အစိုးရအေနနဲ့ လ်စ္လ်ဳရႈေနသလို ျဖစ္ေနတယ္လို႔ ထီးခ်ိဳင့္ကြန္ရက္ က ဦးခင္ေမာင္လြင္ က MCN သတင္းဌာနကိုေျပာပါတယ္။

တေကာင္းနီကယ္စီမံကိန္းနဲ႔ ပက္သက္ျပီး ေဒသခံေတြကျပီးခဲ့တဲ့ ငါးႏွစ္ေလာက္တည္းကမၾကာခဏ ဆႏၵျပမႈေတြရွိခဲ့ေပမယ့္ တာ၀န္ရွိသူေတြဘက္က ထိေရာက္စြာေျဖရွင္းေပးတာေတြ မရွိေသးတာ ျဖစ္ပါတယ္။

ဒီစီမံကိန္းနဲပက္သက္ျပီး သဘာ၀ပတ္၀န္းက်င္ထိခိုက္မႈရွိမရွိ ေလ့လာဖို႔သြားခဲ့တဲ႔ သဘာ၀ပတ္၀န္းက်င္ ပညာရွင္ေတြကိုလည္း ၀င္ခြင့္မျပဳခဲ႔ဘူးလို႔ သဘာ၀ပတ္၀န္းက်င္ပညာရွင္ ေဒၚေဒ၀ီသန္႔ဇင္က ေျပာဆိုထားပါတယ္။

အဲဒီစီမံကိန္းဟာ တ႐ုတ္-ျမန္မာ တူးေဖာ္ေရးလုပ္ငန္းမွာ အႀကီးမားဆုံး စီမံကိန္းတစ္ခုျဖစ္ျပီး ရင္းႏွီးျမႇဳပ္ႏွံ ထားမႈပမာဏ ကန္ေဒၚလာ ကုေဋ ၈၀ ခန္႔ရွိပါတယ္။ ထုတ္လုပ္အေနနဲ႔ တစ္ႏွစ္ကိုေၾကးနီတန္ခ်ိန္ ၈၀၀၀၀ ေက်ာ္ရွိျပီးထြက္ကုန္ တန္ဖုိး အေမရိကန္ေဒၚလာ သိန္း ၃၆၀၀၀န္းက်င္ခန္႔ ရရွိမွာ ျဖစ္ပါတယ္။
………………….. ။ ။ ……………………..

တကောင်းတောင်စီမံကိန်းအရေးနဲ ့ပက်သက်ပြီးအစိုးရ လျစ်လျူရှုသလိုဖြစ်နေ
မြန်မာနိုင်ငံ အထက်ပိုင်းက တကောင်းတောင်နီကယ် စီမံကိန်းအတွက် သိမ်းယူထားတဲ့မြေယာ ကိစ္စတွေ ၊ စက်ရုံကအလုပ်သမားတွေရ့ ခွဲခြားဆက်ဆံခံနေရမှုတွေ၊ လယ်မြေတွေမှာ မြေနီဖုံးလွှမ်းမှုတွေကြာင့် စိုက်ပျိုးမရတော့တဲ့အခြေအနေတွေကို အစိုးရအနေနဲ့ လျစ်လျုရှုနေသလိုဖြစ်နေတယ်လို့ ထီးချိုင့်ကွန်ရက် က ဦးခင်မောင်လွင် က MCN သတင်းဌာနကိုပြောပါတယ်။

တကောင်းနီကယ်စီမံကိန်းနဲ့ ပက်သက်ပြီး ဒေသခံတွေကပြီးခဲ့တဲ့ ငါးနှစ်လောက်တည်းကမကြာခဏ ဆန္ဒပြမှုတွေရှိခဲ့ပေမယ့် တာဝန်ရှိသူတွေဘက်က ထိရောက်စွာဖြေရှင်းပေးတာတွေ မရှိသေးတာ ဖြစ်ပါတယ်။

ဒီစီမံကိန်းနဲပက်သက်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုရှိမရှိ လေ့လာဖို့သွားခဲ့တဲ့ သဘာဝပတ်ဝန်းကျင် ပညာရှင်တွေကိုလည်း ဝင်ခွင့်မပြုခဲ့ဘူးလို့ သဘာဝပတ်ဝန်းကျင်ပညာရှင် ဒေါ်ဒေဝီသန့်ဇင်က ပြောဆိုထားပါတယ်။

အဲဒီစီမံကိန်းဟာ တရုတ်-မြန်မာ တူးဖော်ရေးလုပ်ငန်းမှာ အကြီးမားဆုံး စီမံကိန်းတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံ ထားမှုပမာဏ ကန်ဒေါ်လာ ကုဋေ ၈၀ ခန့်ရှိပါတယ်။ ထုတ်လုပ်အနေနဲ့ တစ်နှစ်ကိုကြေးနီတန်ချိန် ၈၀ဝ၀ဝ ကျော်ရှိပြီးထွက်ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ သိန်း ၃၆၀ဝ၀န်းကျင်ခန့် ရရှိမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)