ၿငိမ္းခ်မ္းေရးျဖစ္စဥ္ သံုးသပ္မယ့္ KNU အေရးေပၚစည္းေ၀း

0
321

ေသာင္မတင္ ေရမက်ျဖစ္ေနတဲ့ ၿငိမ္းခ်မ္း ေရးျဖစ္စဥ္ကုိ ျပန္လည္ သုံးသပ္မယ့္ KNU ကရင္အမ်ဳိးသားအစည္းအ႐ုံးရဲ႕ ဗဟုိ အၿမဲတမ္းေကာ္မတီ အေရးေပၚ အစည္းအေဝးတရပ္ကို ဖားအံခ႐ုိင္၊ ေလးဝါးစခန္းမွာ ေအာက္တိုဘာ ၄ ရက္က စတင္က်င္းပျပဳလုပ္ေနပါတယ္။

ျပည္ေထာင္စု ၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံ ဒုတိယအႀကိမ္ အစည္းအေဝးအၿပီး အစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ေတာ္လွန္ေရးအဖဲြ႔အစည္းတုိ႔အၾကား ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ရပ္တန္႔ေနတာ ေရွဆက္ႏိုင္ဖို႔ အခုလို အစည္းအေ၀းလုပ္တာလို႔ ေကအိုင္စီ သတင္းမွာ ေဖာ္ျပပါတယ္။

အစည္းအေဝးမွာ လတ္တေလာ ႏုိင္ငံေရးျဖစ္စဥ္ အစီရင္ခံစာမ်ားကုိ သက္ဆုိင္ရာ ကုိယ္စားလွယ္ေတြက အစီရင္ခံျခင္း၊ ၿငိမ္းခ်မ္း ေရးျဖစ္စဥ္ကုိ ျပန္လည္ သုံးသပ္ၿပီး ေရွ႕ဆက္သြားမယ့္ ၿငိမ္းခ်မ္းေရးေဖာ္ေဆာင္မႈလုပ္ငန္းမ်ားအတြက္ ဗဟုိေကာ္မတီဝင္မ်ားရဲ႔ သေဘာထား ဆုံးျဖတ္ခ်က္မ်ားကုိ ရယူျဖင္းတို႔ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။

KNU ကရင္အမ်ဳိးသားအစည္းအ႐ုံးဟာ ၿပီးခဲ့တဲ့ ၂၀၁၅ခုႏွစ္၊ ေအာက္တုိဘာလ ၁၅ ရက္ေန႔က အစိုးရနဲ႔ တႏိုင္ငံလံုးအပစ္ရပ္စာခ်ဳပ္မွာ လက္မွတ္ထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္ ေတာ္လွန္ေရးတပ္ဖြဲ႔ ျဖစ္ပါတယ္။
………………… ။ ။ ……………………

ငြိမ်းချမ်းရေးဖြစ်စဉ်သုံးသပ်မယ့် KNU အရေးပေါ်စည်းဝေး
သောင်မတင် ရေမကျဖြစ်နေတဲ့ ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ပြန်လည် သုံးသပ်မယ့် KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟို အမြဲတမ်းကော်မတီ အရေးပေါ် အစည်းအဝေးတရပ်ကို ဖားအံခရိုင်၊ လေးဝါးစခန်းမှာ အောက်တိုဘာ ၄ ရက်က စတင်ကျင်းပပြုလုပ်နေပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးအပြီး အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ရပ်တန့်နေတာ ရှေဆက်နိုင်ဖို့ အခုလို အစည်းအဝေးလုပ်တာလို့ ကေအိုင်စီ သတင်းမှာ ဖော်ပြပါတယ်။

အစည်းအဝေးမှာ လတ်တလော နိုင်ငံရေးဖြစ်စဉ် အစီရင်ခံစာများကို သက်ဆိုင်ရာ ကိုယ်စားလှယ်တွေက အစီရင်ခံခြင်း၊ ငြိမ်းချမ်း ရေးဖြစ်စဉ်ကို ပြန်လည် သုံးသပ်ပြီး ရှေ့ဆက်သွားမယ့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းများအတွက် ဗဟိုကော်မတီဝင်များရဲ့ သဘောထား ဆုံးဖြတ်ချက်များကို ရယူဖြင်းတို့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံးဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က အစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)