
0
369



………………… ။ ။ ……………………

ရန်ကုန် Water Bus ခရီးစဉ် ဖွင့်လှစ်
ဒီနေ့မှာ Yangon water bus ခရီးစဉ်နဲ့ပတ်သက်ပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ကတက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။ လှိုင်သာယာကနေ ဗိုလ်တထောင်ဆိပ်ကမ်းအထိ ၃၀ဝ ကျပ် ဖြစ်ပြီး ဗိုလ်တစ်ထောင် ကနေဆက်သွားရင် ၂၀ဝ ကျပ် နောက်ပိုင်းတွေမှာ သီလဝါ၊ ဒဂုံဆိပ်ကမ်း နဲ့ သန်လျင် ထိပါပြေးဆွဲနိုင်ဖို့စီစဉ်မှာဖြစ်ပါတယ်။

Yangon water bus မနက်ဖြန် အခမဲ့ပြေးဆွဲသွားမှာဖြစ်ပါတယ်။ ကုန်တင်နိုင်ဖို့ ကုန်သေတာ ယဉ်တွေသယ်နိုင်ဖို့ ရန်ကုန်မြို့အတွင်း ကုန်သေတာယဉ်တွေ ပြေးဆွဲစရာမလိုအောင်လုပ်ဆောင်မယ် ၊ရေကြောင်း ကနေ ကုန်စည်စီးဆင်းနိုက်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်ပါတယ်။
Yangon water bus ပေါ်မှာရောင်းချတဲ့ အစားအသောက်တွေကို ဈေးနှုန်း သက်သာစွာနဲ့လုပ်ဆောင်နိုင်ဖို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ တင့်တင့်မြန်မာ ကုမ္ပဏီတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့မှာ စတင်ပြေးဆွဲမှာဖြစ်ပြီး အခမဲ့တစ်ရက်တာပြေးဆွဲပေးမှာ လည်းဖြစ်ပါတယ်။ အမျိုးမျိုးသော ခရီးစဉ်အတွင်း မတော်တဆမှုတွေ အတွက်လည်း ခရီးစဉ်အတွက် လုံခြုံရေးကို စနစ်တကျလုပ်ဆောင်ထားပါတယ်။ ဗိုလ်တစ်ထောင် ဆိပ်ကမ်းကနေ အောင်ဇေယျတံတားထိ ၇ မှတ်တိုင် နေ့စဉ်ပြေးဆွဲမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)