ေဒၚေအာင္ဆန္းစုၾကည္ ဘရူနိုင္း ထြက္ခြာ

0
360

နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ  ဘရူနိုင္းဘုရင္နန္းေမြဆက္ခံတဲ့ နွစ္(၅ဝ)ျပည့္ ေရႊရတုအထိမ္းအမွတ္     အခမ္းအနားကို တက္ေရာက္ဖို႔ ေအာက္တိုဘာ ၆ရက္ ဒီမနက္မွာ ဘရူနိုင္းဒါရူဆလမ္နိုင္ငံသို႔ ထြက္ခြာသြားပါတယ္။

ဒီေန႔ နံနက္ ၈နာရီမွာ ေနျပည္ေတာ္ အျပည္ျပည္ဆိုုင္ရာေလဆိပ္ကေန ဘရူနိုင္းဒါရူဆလမ္နိုင္ငံ ဘန္ဒါဆာရီဘီဂါဝန္ျမိဳ႔သို႔ အထူးေလယာဥ္နဲ႔ ထြက္ခြာသြားတယ္၊

ခရီးစဥ္မွာ နိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္နဲ႔အတူ ႏိုုင္ငံျခားေရးဝန္ႀကီးဌာန ဒုုတိယဝန္ႀကီး ဦးေက်ာ္တင္နဲ႔ တာဝန္ရွိသူမ်ား      လိုုက္ပါသြားၾကတယ္လို႔ ႏိုင္ငံျခားေရး၀န္ၾကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်း ထွက်ခွာ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဘရူနိုင်းဘုရင်နန်းမွေဆက်ခံတဲ့ နှစ်(၅ဝ)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားကို တက်ရောက်ဖို့ အောက်တိုဘာ ၆ရက် ဒီမနက်မှာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံသို့ ထွက်ခွာသွားပါတယ်။

ဒီနေ့ နံနက် ၈နာရီမှာ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ဘန်ဒါဆာရီဘီဂါဝန်မြို့သို့ အထူးလေယာဉ်နဲ့ ထွက်ခွာသွားတယ်၊

ခရီးစဉ်မှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်နဲ့ တာဝန်ရှိသူများ လိုက်ပါသွားကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)