NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့အစည်းတွေပါဝင်လာဖို့ တံခါးဖွင့်ထားဟု သမ္မတပြော

0
324

NCA လက်မှတ်မထိုးသေးတဲ့ အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့ လမ်းကြောင့် တံခါးဖွင့်ထားတယ်လို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၈ ရက် ရေဒီယိုကတဆင့် နိုင်ငံအနှံ့က ပြည်သူတွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ သမ္မတက ပြောကြားလိုက်တာပါ။

ဒါအပြင် အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ မည်သူ့ကိုမှ ချိန်ထားခဲ့လိုခြင်းမရှိသလို လက်မှတ်ထိုးဖို့ အသင့်ဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အရင် လက်မှတ်ရေးထိုးသွားပြီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားလိုက်ပါတယ်။

NCA

လက်ရှိအခြေအနေမှာတော့ တစ်နိုင်ငံလုံး အပစ်အခက်ရပ်စဲရေး သဘောတူ စာချုပ် NCA ကို တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်း ၈ ခုက ကိုယ်စားလှယ်တွေ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC တို့ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော်ရှိ MICC 2 အဆောက်အအုံမှာ လက်မှတ်ရေးထိုးသွားမယ်လို့ အောက်တိုဘာလ ၄ ရက်နေ့ သဘောတူညီမှုရှိထာပါတယ်။

NCA လက်မှတ်ရေးထိုးနိုင်ရေး တဖက် ၁၀ ဦးစီ ပါဝင်တဲ့ “တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ ကျင်းပရေး ပူးတွဲကော်မီတီ” ကို ဖွဲ့စည်းထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)