ေက်ာင္းကုန္းမွာ ညအခ်ိန္ ေရခ်ိဳးစဥ္ အမ်ိဳးသမီးတစ္ဦး ဓာတ္လိုက္ေသဆုံး

0
121

ဧရာဝတီတိုင္းေဒသႀကီး၊ ေက်ာင္းကုန္းၿမိဳ႕နယ္၊ သစ္ဆိမ့္ကုန္း ေက်း႐ြာမွာ စက္တင္ဘာလ ၅ ရက္ေန႔ည ၈ နာရီခြဲက ညအခ်ိန္ ေရခ်ိဳးစဥ္ အမ်ိဳးသမီးတစ္ဦး ဓာတ္လိုက္ေသဆုံးမႈ ျဖစ္ပြားခဲ့ပါတယ္။

သစ္ဆိမ့္ကုန္း ေက်း႐ြာေန မရင္ရင္ေထြးရဲ႕ ေနအိမ္ကို အလည္ေရာက္ရွိေနတဲ့ ညီမဝမ္းကြဲ မခင္ၿငိမ္းလြင္ (၃၁ ႏွစ္) ဟာ ေနအိမ္ေနာက္ဘက္ အုတ္ကန္မွာ ေရခ်ိဳးေနစဥ္ ဝါးလုံးတိုင္ကို လွမ္းကိုင္ရာ ေနအိမ္ကေန အုတ္ကန္ကို သြယ္တန္းထားတဲ့ ဝါယာႀကိဳးထိပ္ပိုင္းကို ေရစိုလက္နဲ႔ ကိုင္မိၿပီး ဓာတ္လိုက္ခဲ့ပါတယ္။

မရင္ရင္ေထြးက လွ်ပ္စစ္မိန္းခလုတ္ကို ဆြဲခ်ၿပီး ပတ္ဝန္းက်င္ အကူအညီနဲ႔ ျပည္သူ႔ေဆး႐ံုကို ပို႔ေဆာင္ေဆးကုသမႈ ခံယူစဥ္ ည ၉ နာရီခြဲမွာ ေသဆံုးခဲ့ပါတယ္။ ေက်ာင္းကုန္းၿမိဳ႕မ ရဲစခန္းက ဒုရဲအုပ္ ျမတ္စိုးက သြားေရာက္စစ္ေဆးၿပီး ဓမၼတာအတိုင္း ေသဆုံးျခင္း ဟုတ္၊ မဟုတ္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ေနပါတယ္။

ကျောင်းကုန်းမှာ ညအချိန် ရေချိုးစဉ် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်း ကျေးရွာမှာ စက်တင်ဘာလ ၅ ရက်နေ့ည ၈ နာရီခွဲက ညအချိန် ရေချိုးစဉ် အမျိုးသမီးတစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။


သစ်ဆိမ့်ကုန်း ကျေးရွာနေ မရင်ရင်ထွေးရဲ့ နေအိမ်ကို အလည်ရောက်ရှိနေတဲ့ ညီမဝမ်းကွဲ မခင်ငြိမ်းလွင် (၃၁ နှစ်) ဟာ နေအိမ်နောက်ဘက် အုတ်ကန်မှာ ရေချိုးနေစဉ် ဝါးလုံးတိုင်ကို လှမ်းကိုင်ရာ နေအိမ်ကနေ အုတ်ကန်ကို သွယ်တန်းထားတဲ့ ဝါယာကြိုးထိပ်ပိုင်းကို ရေစိုလက်နဲ့ ကိုင်မိပြီး ဓာတ်လိုက်ခဲ့ပါတယ်။


မရင်ရင်ထွေးက လျှပ်စစ်မိန်းခလုတ်ကို ဆွဲချပြီး ပတ်ဝန်းကျင် အကူအညီနဲ့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ဆေးကုသမှု ခံယူစဉ် ည ၉ နာရီခွဲမှာ သေဆုံးခဲ့ပါတယ်။ ကျောင်းကုန်းမြို့မ ရဲစခန်းက ဒုရဲအုပ် မြတ်စိုးက သွားရောက်စစ်ဆေးပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် အမှုဖွင့်အရေးယူ ဆောင်ရွက်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)