တပ္မေတာ္ သယ္ပို႔ယာဥ္ ေလယာဥ္ေျပးလမ္း ဘီးေခ်ာ္၊ ေလဆိပ္ ျပန္ဖြင့္ၿပီ

0
72

တပ္မေတာ္ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ (Y-8) ေလယာဥ္တစ္စင္းဟာ စက္တင္ဘာလ ၅ ရက္ေန႔ မနက္ပိုင္းက ေလ့က်င့္ပ်ံသန္းဖို႔ မဂၤလာဒံု ေလတပ္စခန္းဌာနခ်ဳပ္ကေန စတင္ထြက္ခြာလာစဥ္ ေလယာဥ္ေျပးလမ္းမွာ ဘီးေခ်ာ္မႈ ျဖစ္ပြားခဲ့ပါတယ္။

ေလယာဥ္မွဴးနဲ႔ အဖြဲ႔ဝင္ ေျခာက္ဦးပါ (Y-8) ေလယာဥ္ဟာ ေညာင္တုန္းၿမိဳ႕ အေနာက္ဘက္ျခမ္းမွာ ေလ့က်င့္ပ်ံသန္းေမာင္ႏွင္ဖို႔ မနက္ ၁၀ နာရီခြဲမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ ေလယာဥ္ေျပးလမ္း အမွတ္ (၂၁) ကေန စတင္ပ်ံသန္းစသ္ ေလယာဥ္ရဲ႕ နံပါတ္ (၁) အင္ဂ်င္ပန္ကာ ေရွ႕ဆြဲအား ေလ်ာ့က်ၿပီး တစ္ဖက္ကို ဆြဲသြားကာ ေျပးလမ္းရဲ႕ ေပ ၂၃၀၀ ခန္႔မွာ ဘယ္ဘက္ကို ေလယာဥ္ဘီးေခ်ာ္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ လူနဲ႔ ေလယာဥ္ ထိခိုက္ပ်က္စီးမႈ မရွိေၾကာင္း တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္ထားပါတယ္။ ဒီေန႔ စက္တင္ဘာလ ၆ ရက္ေန႔ မနက္ ၆ နာရီမွာ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္ ပံုမွန္ ျပန္လည္ လည္ပတ္ေနၿပီ ျဖစ္ပါတယ္။

တပ်မတော် သယ်ပို့ယာဉ် လေယာဉ်ပြေးလမ်း ဘီးချော်၊ လေဆိပ် ပြန်ဖွင့်ပြီ


တပ်မတော် သယ်ယူပို့ဆောင်ရေး လေယာဉ် (Y-8) လေယာဉ်တစ်စင်းဟာ စက်တင်ဘာလ ၅ ရက်နေ့ မနက်ပိုင်းက လေ့ကျင့်ပျံသန်းဖို့ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်ကနေ စတင်ထွက်ခွာလာစဉ် လေယာဉ်ပြေးလမ်းမှာ ဘီးချော်မှု ဖြစ်ပွားခဲ့ပါတယ်။


လေယာဉ်မှူးနဲ့ အဖွဲ့ဝင် ခြောက်ဦးပါ (Y-8) လေယာဉ်ဟာ ညောင်တုန်းမြို့ အနောက်ဘက်ခြမ်းမှာ လေ့ကျင့်ပျံသန်းမောင်နှင်ဖို့ မနက် ၁၀ နာရီခွဲမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လေယာဉ်ပြေးလမ်း အမှတ် (၂၁) ကနေ စတင်ပျံသန်းစသ် လေယာဉ်ရဲ့ နံပါတ် (၁) အင်ဂျင်ပန်ကာ ရှေ့ဆွဲအား လျော့ကျပြီး တစ်ဖက်ကို ဆွဲသွားကာ ပြေးလမ်းရဲ့ ပေ ၂၃၀ဝ ခန့်မှာ ဘယ်ဘက်ကို လေယာဉ်ဘီးချော်ခဲ့ပါတယ်။


ဖြစ်စဉ်မှာ လူနဲ့ လေယာဉ် ထိခိုက်ပျက်စီးမှု မရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ပုံမှန် ပြန်လည် လည်ပတ်နေပြီ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)