ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းနဲ႔ ကုလ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္တုိ႔ ေတြ႔ဆံု

0
109

ဒုတိယ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မွဴးႀကီး စိုးဝင္းဟာ စက္တင္ဘာလ ၅ ရက္ေန႔က ေနျပည္ေတာ္ရွိ ဘုရင့္ေနာင္ရိပ္သာမွာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္ မစၥ ခရစၥတင္း ရွရာနာ ဘာဂနာ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖဲြ႔နဲ႔ ေတြ႔ဆုံခဲ့တာပါ။

ေတြ႔ဆုံရာမွာ   ထာဝရ ၿငိမ္းခ်မ္းေရး ရရွိေစရန္ အစိုးရနဲ႔ တပ္မေတာ္က ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ေတြအတိုင္း ဆက္လက္ ေဆာင္ရြက္ေနမႈ အေျခအေနေတြ၊ ရခိုင္ျပည္နယ္အတြင္း ေနရပ္စြန္႔ခြာသူမ်ား ျပန္လည္ လက္ခံႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံဘက္က  ႀကဳိတင္ျပင္ဆင္မႈနဲ႔ လုံၿခံဳေရး အျပည့္အဝ ေဆာင္ရြက္ထားရွိမႈ အေျခအေနေတြ အေၾကာင္း ေဆြးေႏြးခဲ့တာပါ။

ဒါအ့ျပင္ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာ နယ္ေျမအတြင္း ျဖစ္ပြားခဲ့တဲ့ ျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး   ဥပေဒနဲ႔အညီ စစ္တရား႐ံုးနဲ႔ ဖြဲ႔စည္းစစ္ေဆးႏိုင္ေရး ေဆာင္ရြက္မႈ အေျခအေနေတြ တပ္မေတာ္သားေတြ အေနနဲ႔ တာဝန္ထမ္းေဆာင္ရာမွာ တည္ဆဲဥပေဒေတြအေပၚ လိုက္နာက်င့္သံုး ထိန္းသိမ္းေဆာင္ရြက္မႈ အေျခအေနေတြကုိ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ကုလ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ တွေ့ဆုံ


ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ စက်တင်ဘာလ ၅ ရက်နေ့က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်း ရှရာနာ ဘာဂနာ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံခဲ့တာပါ။


တွေ့ဆုံရာမှာ ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် အစိုးရနဲ့ တပ်မတော်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတိုင်း ဆက်လက် ဆောင်ရွက်နေမှု အခြေအနေတွေ၊ ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည် လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံဘက်က ကြိုတင်ပြင်ဆင်မှုနဲ့ လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ထားရှိမှု အခြေအနေတွေ အကြောင်း ဆွေးနွေးခဲ့တာပါ။


ဒါအ့ပြင် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော နယ်မြေအတွင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဥပဒေနဲ့အညီ စစ်တရားရုံးနဲ့ ဖွဲ့စည်းစစ်ဆေးနိုင်ရေး ဆောင်ရွက်မှု အခြေအနေတွေ တပ်မတော်သားတွေ အနေနဲ့ တာဝန်ထမ်းဆောင်ရာမှာ တည်ဆဲဥပဒေတွေအပေါ် လိုက်နာကျင့်သုံး ထိန်းသိမ်းဆောင်ရွက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)