အႀကီးဆံုး ဗီယက္နမ္ ကုန္စည္ျပပြဲႀကီး ျမန္မာႏိုင္ငံမွာ က်င္းပမယ္

0
70

ျမန္မာႏိုင္ငံ၊ ရန္ကုန္ၿမိဳ႕မွာ အႀကီးဆံုးျဖစ္မယ့္ ဗီယက္နမ္ ကုန္စည္ျပပြဲႀကီးကို လာမယ့္ ဒီဇင္ဘာလ ၁၉ ရက္ကေန ၂၂ ရက္ေန႔အထိ က်င္းပမယ္လို႔ ဗီယက္နမ္ ပလပ္စ္ သတင္းမွာ ေဖာ္ျပထားပါတယ္။

ဗီယက္နမ္ ကုန္သြယ္မႈ ျမွင့္တင္ေရး ေအဂ်င္စီ (ဗီယက္ထရိတ္) က ဦးေဆာင္က်င္းပမယ့္ ကုန္စည္ျပပြဲႀကီးမွာ ဆိုင္ခန္းေပါင္း ၁၀၀ ခန္႔ ပါဝင္မွာ ျဖစ္ၿပီး ၂၀၀၉ ခုႏွစ္က ႏွစ္စဥ္ က်င္းပတဲ့ ဗီယက္နမ္ ကုန္စည္ျပပြဲေတြအနက္ အႀကီးဆံုး ျဖစ္လာမွာပါ။ ျပပြဲမွာ စားေသာက္ကုန္၊ အိမ္သံုးပစၥည္း၊ စက္ပစၥည္း ယႏၱရား၊ လွ်ပ္စစ္၊ ေဆးဘက္ဆိုရာနဲ႔ ဓာတုေဗဒဆိုင္ရာ ကုန္စည္ေတြ ပါဝင္မွာ ျဖစ္ပါတယ္။

အခု ကုန္စည္ျပပြဲႀကီးဟာ ဗီယက္နမ္ စီးပြားေရး လုပ္ငန္းေတြကို ျမွင့္တင္ဖို႔၊ ေဒသထြက္ကုန္ေတြကို ျပည္ပတင္ပို႔ႏိုင္ဖို႔၊ ဗီယက္နမ္နဲ႔ ျမန္မာႏိုင္ငံတို႔ ကြန္ရက္ ခ်ဲ႕ထြင္ႏိုင္ဖို႔ ရည္ရြယ္တယ္လို႔ ဗီယက္ထရိတ္က ေျပာပါတယ္။

အကြီးဆုံး ဗီယက်နမ် ကုန်စည်ပြပွဲကြီး မြန်မာနိုင်ငံမှာ ကျင်းပမယ်


မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ အကြီးဆုံးဖြစ်မယ့် ဗီယက်နမ် ကုန်စည်ပြပွဲကြီးကို လာမယ့် ဒီဇင်ဘာလ ၁၉ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ်လို့ ဗီယက်နမ် ပလပ်စ် သတင်းမှာ ဖော်ပြထားပါတယ်။


ဗီယက်နမ် ကုန်သွယ်မှု မြှင့်တင်ရေး အေဂျင်စီ (ဗီယက်ထရိတ်) က ဦးဆောင်ကျင်းပမယ့် ကုန်စည်ပြပွဲကြီးမှာ ဆိုင်ခန်းပေါင်း ၁၀ဝ ခန့် ပါဝင်မှာ ဖြစ်ပြီး ၂၀ဝ၉ ခုနှစ်က နှစ်စဉ် ကျင်းပတဲ့ ဗီယက်နမ် ကုန်စည်ပြပွဲတွေအနက် အကြီးဆုံး ဖြစ်လာမှာပါ။ ပြပွဲမှာ စားသောက်ကုန်၊ အိမ်သုံးပစ္စည်း၊ စက်ပစ္စည်း ယန္တရား၊ လျှပ်စစ်၊ ဆေးဘက်ဆိုရာနဲ့ ဓာတုဗေဒဆိုင်ရာ ကုန်စည်တွေ ပါဝင်မှာ ဖြစ်ပါတယ်။


အခု ကုန်စည်ပြပွဲကြီးဟာ ဗီယက်နမ် စီးပွားရေး လုပ်ငန်းတွေကို မြှင့်တင်ဖို့၊ ဒေသထွက်ကုန်တွေကို ပြည်ပတင်ပို့နိုင်ဖို့၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ ကွန်ရက် ချဲ့ထွင်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဗီယက်ထရိတ်က ပြောပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)