
0
127




အကူအညီပေးရေး အေဂျင်စီ နှစ်ခုကို ဘင်္ဂလားဒေ့ရှ် ပိတ်ပင်


ဒုက္ခသည်တွေ နေရပ်ပြန်ရေး ငြင်းပယ်ကြဖို့ ပြောခဲ့တဲ့ အကူအညီ ပေးရေး အေဂျင်စီနှစ်ခုကို ဘင်္ဂလားဒေ့ရှ် အစိုးရက ပိတ်ပင်လိုက်ပါတယ်။


ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်က ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဒုတိယအကြိမ် မအောင်မမြင် ဖြစ်ပြီးနောက် ဒုက္ခသည်တွေ နေရပ်မပြန်အောင် NGO တချို့က လုပ်ဆောင်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပါလီမန်ကို အကြောင်းကြားခဲ့ပြီးနောက် အခုလို ပိတ်ပင်မှု ဖြစ်လာတာပါ။


သွေးထိုးလှုံ့ဆော်မှုတွေ လုပ်တယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ NGO ရေးရာ ဗြူရိုက ပိတ်ပင်လိုက်တဲ့ အေဂျင်စီ နှစ်ခုကတော့ အမေရိကန် အခြေစိုက် Adventist Development and Relief Agency (ADRA) နဲ့ ဒေသခံအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အယ်လ် မာကာဇူလ် အစ္စလာမီ (Al Markazul Islami) တို့ ဖြစ်ပါတယ်။


COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)