ခရစ္ယာန္ ဘာသာေရး ေခါင္းေဆာင္ကို တပ္မေတာ္ တရားစြဲမႈ အေမရိကန္ စိုးရိမ္

0
129

အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္နဲ႔ ေတြ႔ဆံုခဲ့တဲ့ ခရစ္ယာန္ ဘာသာေရးေခါင္းေဆာင္ကို တပ္မေတာ္က တရားစြဲမႈအေပၚ အေမရိကန္ ျပည္ေထာင္စုက အလြန္အမင္း စိုးရိမ္ေၾကာင္း စက္တင္ဘာလ ၅ ရက္ေန႔မွာ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ျပစ္မႈဆိုင္ရာ ဥပေဒ ပုဒ္မ ၂၀၀ နဲ႔ တရားစြဲခံရဲတဲ့ ကခ်င္ႏွစ္ခ်င္း ခရစ္ယာန္အဖြဲ႔ခ်ဳပ္ (KBC) ဥကၠ႒ ေဒါက္တာ ခါလမ္ ဆမ္ဆြန္ဟာ ေသာင္းနဲ႔ခ်ီတဲ့ ျပည္တြင္းေရႊ႕ေျပာင္း ခိုလံႈသူေတြအတြက္ အလုပ္လုပ္ေနတာေတြကို အေႏွာင့္အယွက္ ျဖစ္ေစေၾကာင္း၊ လြတ္လပ္စြာ ထုတ္ေဖာ္ ေျပာဆိုမႈကို အကန္႔အသတ္ ျဖစ္ေစေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ ေမာ္ဂန္ ေအာ္တာဂတ္စ္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဇူလိုင္လ ၁၇ ရက္ေန႔မွာ အေမရိကန္ သမၼတ ေဒၚနယ္ ထရမ့္က ႏိုင္ငံ ၁၇ ႏိုင္ငံက ဘာသာေရး ဖိႏွိပ္ခံရသူေတြကို ဖိတ္ေခၚရာမွာ ေဒါက္တာ ခါလမ္ ဆမ္ဆြန္လည္း တက္ေရာက္ခဲ့ပါတယ္။ ကခ်င္ျပည္နယ္မွာ တိုက္ပြဲေတြျဖစ္ေနၿပီး တပ္မေတာ္က လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေၾကာင္း၊ ပ္မေတာ္ ထိပ္တန္း အရာရွိႀကီး ေလးဦးကို ပိတ္ဆို႔အေရးယူမႈ အသစ္ ခ်မွတ္တဲ့အေပၚ ေက်းဇူးတင္ေၾကာင္း ေဒါက္တာ ခါလမ္ ဆမ္ဆြန္က သမၼတ ထရမ့္ကို ေျပာခဲ့ပါတယ္။

ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်ကို တပ်မတော် တရားစွဲမှု အမေရိကန် စိုးရိမ်


အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်ကို တပ်မတော်က တရားစွဲမှုအပေါ် အမေရိကန် ပြည်ထောင်စုက အလွန်အမင်း စိုးရိမ်ကြောင်း စက်တင်ဘာလ ၅ ရက်နေ့မှာ ထုတ်ဖော် ပြောဆိုပါတယ်။


ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၀ဝ နဲ့ တရားစွဲခံရဲတဲ့ ကချင်နှစ်ချင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ ဒေါက်တာ ခါလမ် ဆမ်ဆွန်ဟာ သောင်းနဲ့ချီတဲ့ ပြည်တွင်းရွှေ့ပြောင်း ခိုလှုံသူတွေအတွက် အလုပ်လုပ်နေတာတွေကို အနှောင့်အယှက် ဖြစ်စေကြောင်း၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုကို အကန့်အသတ် ဖြစ်စေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မော်ဂန် အော်တာဂတ်စ်က ပြောပါတယ်။


ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က နိုင်ငံ ၁၇ နိုင်ငံက ဘာသာရေး ဖိနှိပ်ခံရသူတွေကို ဖိတ်ခေါ်ရာမှာ ဒေါက်တာ ခါလမ် ဆမ်ဆွန်လည်း တက်ရောက်ခဲ့ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေဖြစ်နေပြီး တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိကြောင်း၊ ပ်မတော် ထိပ်တန်း အရာရှိကြီး လေးဦးကို ပိတ်ဆို့အရေးယူမှု အသစ် ချမှတ်တဲ့အပေါ် ကျေးဇူးတင်ကြောင်း ဒေါက်တာ ခါလမ် ဆမ်ဆွန်က သမ္မတ ထရမ့်ကို ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)