အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီနဲ့ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်မှာ တွေ့ဆုံ

0
338

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယ၀န်ကြီးချုပ် နရိန်ဒရာ မိုဒီတို့ ဒီကနေ့ စက်တင်ဘာ ၆ ရက်နေ့မှာ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က စတင်ပြီး ဘင်္ဂလားဒေရှ့်ဘက်ကို မွတ်စလင် ၁၂၅၀၀၀ ထွက်ပြေးလာတာတွေနဲ့ တန်ပြန်ထိုးစစ်ကြားမှာ အကြမ်းဖက် သောင်းကျန်းသူ ၄၀၀ ခန့် သေဆုံးပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတာပါ။

ရခိုင်-ဘင်္ဂါလီ အရေးကိစ္စတွေကြောင့် ရခိုင်ပြည်နယ်မှာ စတင်နေတဲ့ စစ်တွေ ဆိပ်ကမ်း တည်ဆောက်မှုတွေနဲ့ အိန္ဒိယရဲ့ ဝေးလံခေါင်သီတဲ့ အရှေ့မြောက့်ပိုင်းနဲ့ ဆက်စပ်မယ့် ပိုးလမ်းမ ဆက်သွယ်ရေး ကဏ္ဍတွေမှာ နှောင့်နှေးမှုတွေ ဖြစ်လာစေတယ်လို့ လေ့လာသုံးသပ်သူတွေက ပြောထားပါတယ်။

ပြီးခဲ့တဲ့လ တုန်းကတော့ အိန္ဒိယကို ရောက်ရှိနေတဲ့ တရားမ၀င်ဘင်္ဂါလီ ၄ သောင်းကျော်ကို အိန္ဒိယဘက်က နယ်နှင်မှုတွေ ပြုလုပ်မယ်လို့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အိန္ဒိယ၀န်ကြီးချုပ် မိုဒီဟာ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံကြား စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းပိုင်း ဆိုင်ရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြတဲ့အပြင် အကြမ်းဖက်မှုတွေနဲ့ ပတ်လို့ အတူဖြေရှင်းသွားကြဖို့ ညှိနှိုင်းပြောဆိုခဲ့ကြပါတယ်။
(နိုင်ငံရေး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)