ARSA အကြမ်းဖက်အဖွဲ့ဟာ ဂျမတ် အီး အစ္စလာမီ အဖွဲ့နဲ့ အခိုင်အမာ ဆက်သွယ်မှုတွေ ရှိနေ

0
466

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၁၂ ရက်နေ့က စတင်ပြီး ဖြစ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တဲ့ ARSA အကြမ်းဖက် အဖွဲ့ဟာ ပါကစ္စတန် အခြေစိုက် ဂျမတ် အီး အစ္စလာမီ (Jamaat-e-Islami) နဲ့ ဆက်စပ်မှုတွေ ရှိတယ်လို့ Daily Asian Age သတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ARSA အဖွဲ့ကို ဦးဆောင်သူ အသက် ၄၀ နှစ် အရွယ်ရှိ အတူလာဟာဘူ အမ်မာ ဂျန်ဂျူနီ (Ataullahabu Ammar Junjuni) ကို ဂျမတ် အီး အစ္စလာမီ အဖွဲ့က အကူအညီ တွေပေးခဲ့တယ်လို့ အဆိုပါ သတင်းစာမှာ ဖော်ပြထားပါတယ်။

အစ္စလမ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သုသေတန လုပ်နေတဲ့ ဗြိတိန်နိုင်ငံသား သုတေသီ ခရစ် ဘလက်ဘန်း က ARSA အဖွဲ့ရဲ့ လူသစ်စုဆောင်းမှု၊ လေကျင့်မှုနဲ့ ငွေကြေးထောက်ပံ့ ပေးမှုတွေကို ပါကစ္စတန် နဲ့ ဘင်္ဂလားဒေရှ့်တို့ ရှိ ဂျမတ် အီး အစ္စလာမီ အဖွဲ့က နောက်ကွယ်ကနေ ပါဝင်နေခဲ့တယ်လို့ အတည်ပြုပြောခဲ့ပါတယ်။

ARSA အဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ အတူလာဟာဘူ အမ်မာ ဂျန်ဂျူနီ ဆိုသူဟာလည်း ပါကစ္စတန် ကရာချိမြို့မှာ ကြီးပြင်းခဲ့ပြီး နောက်ပိုင်းမှာ ဆော်ဒီအာရေဗျ နိုင်ငံကို ရောက်ရှိသွားခဲ့သူ ဖြစ်ပါတယ်။

ဒါ့အပြင် ခရစ် ဘလက်ဘန်းက ARSA အဖွဲ့အတွက် တိုက်ခိုက်နေသူတွေထဲမှာ မြန်မာနိုင်ငံမှာ ကြီးပြင်းသူတွေသာ မကဘဲ အခြားနိုင်ငံမှာ ကြီးပြင်းခဲ့သူတွေလည်း ပါဝင်နေတယ်လို့ ပြောပါတယ်။ ခရစ် ဘလက်ဘန်းက ARSA အကြမ်းဖက် အဖွဲ့ခေါင်းဆောင်တွေဟာ ဆော်ဒီအာရေဗျနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံတို့မှာ မွေးဖွား ကြီးပြင်းခဲ့သူတွေကိုပါ လူသစ်စုဆောင်းမှုတွေ ရှိနေခဲ့တယ်လို့ ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)