ဘောရောဘူဓေါ စေတီတော်ရှေ့မှာ ဆန္ဒပြတာတွေကို အင်ဒိုနီးရှား တားမြစ်ပိတ်ပင်မယ်

0
307

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ဘင်္ဂါလီ အရေးကိစ္စနဲ့ ပတ်သက်ပြီး ဂျာဗားပြည်နယ် အလယ်ပိုင်းမှာ ၉ ရာစုလောက်တည်းက ရှိခဲ့တဲ့ ဘောရောဘူဓေါစေတီရှေ့ ဆန္ဒပြမယ့်အစီစဉ်တွေကို တားမြစ်ပိတ်ပင်သွားမယ်လို့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ အကြီးအကဲက ပြောပါတယ်။

ဘောရောဘူဓေါ စေတီတော်ရှေ့မှာ စက်တာဘာ ၈ ရက်နေ့မှာဆန္ဒပြဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
အင်ဒိုနီးရှား ရဲတပ်ဖွဲ့အကြီးအကဲက တီတိုကာနာဗီယမ်ကတော့ “ဘာရောဘူဓေါမှာ ဆန္ဒပြမယ့် အစီအစဉ်ကို ပိတ်ပင်တားမြစ်သွားမှာဖြစ်တယ်။ ဒီဆန္ဒပြပွဲ မဖြစ်အောင်လို့ ညွန်ကြားထားပြီးပါပြီ “လို့ပြောပါတယ်။

အဲဒီစေတီတော်ကြီးဟာ ကမ္ဘာရှေးဟောင်း စေတီတော်ကြီးဖြစ်ပြီးတော့ အင်ဒိုနီရှားကို လာရောက်တဲ့ ကမ္ဘာလှည့်ခရီးသည်များအကြား ထင်ရှားတဲ့ လေ့လာစရာနေရာ တစ်ခုလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)