ရခိုင်မှာ နေရပ်စွန့်ခွာ ထွက်ပြေးသူပေါင်း ၂၆,၀၀၀ ကျော်ရှိလာ

0
312

ရခိုင်ပြည်နယ်မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း ၂၆,၀၀၀ ကျော် ရှိသွားပြီလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

အစိုးရအနေနဲ့ လူသားခြင်း စာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့မှုများကို ပေးအပ်ဖို့ တာဝန် ရှိတဲ့ အလျောက် ထိရောက်တဲ့ အစီအမံများ ချမှတ်ပြီး ကူညီထောက်ပံ့များကို ဆက်လက်ဆောင်ရွက်သွားမယ်။

ဒီလို ဆောင်ရွက်ရာမှာ အစိုးရဟာ ကြက်ခြေနီ လှုပ်ရှားမှု (Red Cross Movement) နဲ့ အတူအကွ လုပ်ဆောင်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
သြဂုတ် ၂၅ ရက်ကစတင်ခဲ့တဲ့ ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုအတွင်း စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး ၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး၊ ဒေသခံတိုင်းရင်းသား ၂၁ ဦး စုစုပေါင်း ၃၆ ဦး သေဆုံးခဲ့တယ်။

နိုင်ငံ့ဝန်ထမ်း ၃ ဦး ၊ ဒေသခံတိုင်းရင်းသား ၄ ဦး အပါအ၀င် စုစုပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ ဒါ့အပြင် ကျေးရွာပေါင်း ၅၉ ရွာ၊ အိမ်အလုံးရေ ၆၈၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး တံတား ၈ စင်း မိုင်းထောင် ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။
(USA)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)