ရခိုင်မှာ အစွန်းရောက် အကြမ်းဖက်သမားတွေက ၁၀ ရက်အတွင်း လူ ၄၀ ကျော် သတ်ဖြတ်

0
464

ရခိုင်ပြည်နယ်မှာ ARSA အစွန်းရောက် အကြမ်းဖက်သမားတွေက ၁၀ ရက်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေအပါအ၀င် နိုင်ငံဝန်ထမ်း ၁၅ ဦးနဲ့ ဒေသခံ ၂၈ ဦး စုစုပေါင်း ၄၃ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ အစိုးရအဖွဲ့က တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၅ ရက်အတွင်းအကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေကြောင့် ဒဏ်ရာရရှိသူပေါင်း ၂၂ ဦးအထိ ရှိလာတယ်လို့လည်း အစိုးရရဲ့ သတင်းထုတ်ပြန်ချက်က ဆိုတာပါ။

ဒါအပြင် အကြမ်းဖက်တိုက် ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၀၀၀ ကျော် ရှိနေတယ်လို့လည်း တရားဝင် သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)