မျိုးသုဉ်းတော့မယ့် အိန္ဒိယတောင်ပိုင်းက ဆိုလီဂါလူမျိုးစု ဘာသာစကားကို မြန်မာသုတေသီ အဘိဓာန်ပြုစု

0
541

မျိုးသုဉ်းတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီဖြစ်တဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ဆိုလီဂါလူမျိုးစု ဘာသာစကားကို မြန်မာနိုင်ငံက သုတေသနပညာရှင်တစ်ဦးက Solega-English အဘိဓာန်အဖြစ် ပြုစုထုတ်ဝေခဲ့ပါတယ်။

သြစတြေးလျအမျိုးသားတက္ကသိုလ်၊ ယဉ်ကျေးမှုကျောင်း၊ သမိုင်းနှင့် ဘာသာစကားဌာနမှာ ဘာသာစကားများနှင့် ဘာသာဗေဒဆိုင်ရာ သုတေသနစာတမ်းတွေကို ပြုစုခဲ့သူ လူမျိုးရေးဗေဒနှင့် ဘာသာဗေဒဆိုင်ရာ သုတေသနပညာရှင် ဆရာအောင်စည်က ၁၂ နှစ်ကြာ ပြုစုခဲ့ပြီး အဲ့ဒီအဘိဓာန်ကို ၂၀၂၀ ပြည့်နှစ်မှာ ထုတ်ဝေခဲ့တာပါ။

စာမျက်နှာ ၄၅၀ နီးပါးရှိတဲ့ အဲ့ဒီ Solega-English အဘိဓာန်ထဲမှာ စကားလုံးနဲ့ အဓိပ္ပါယ် ၄၀၀၀ ကျော်ရဲ့  ပုံကြမ်းသဒ္ဒါနှင့်အတူ ရှာဖွေမှုစာရင်းအပြင် ဇီဝမျိုးစိတ်စာရင်းတွေလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် အဘိဓာန်ထဲမှာ အိန္ဒိယတောင်ပိုင်း Karnataka ပြည်နယ်ရှိ ဆိုလီဂါလူမျိုးတို့ရဲ့ ရိုးရာ ဂေဟဗေဒဆိုင်ရာ ဗဟုသုတများစွာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေလည်း ပါဝင်နေတာကြောင့် ဆိုလီဂါလူမျိုးဆိုင်ရာ စွယ်စုံကျမ်းလို့လည်း ဆိုနိုင်မှာပါ။

လက်ရှိအခြေအနေမှာတော့ ဆိုလီဂါလူမျိုးစုတွေဟာ အိန္ဒိယတောင်ပိုင်း  Chamarajanagar ခရိုင်ရဲ့ Yelandur taluk ရှိ Biligiri Ranganatha Swamy Hills တွေပေါ်က  ပြန့်နှံ့နေတဲ့ ကျေးရွာတွေမှာ နေထိုင်တဲ့ လူပေါင်း ၂၀၀၀၀ ကျောက်လောက် ရှိနေပေမယ့် အဲ့ဒီထဲက အသက် ၄၀ ကျော် အရွယ်တွေသာ ဆိုလီဂါလူမျိုးစုဘာသာစကားကို အသုံးပြုသူ ရှိတော့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)