မဲဆောက်မှာ အသက် ၅ နှစ်အရွယ် မြန်မာမိန်းကလေး အဓ္ဓမ ပြုကျင့် သတ်ဖြတ်ခံရ

0
616

ထိုင်းနိုင်ငံ၊ မဲဆောက်မှာ ဇူလိုင်လ (၄) ရက်နေ့က အသက် ၅ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး အဓ္ဓမ ပြုကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း The Nation သတင်းစာက ဖော်ပြလာပါတယ်။

လက်နဲ့ ခြေထောက်တွေကို ကြိုးနဲ့ ချည်ခံထားရကာ အဓ္ဓမ ပြုကျင့်ပြီး သတ်ဖြတ်ခံခဲ့ရတယ်လို့ ယူဆရတဲ့ ကလေးငယ်ရဲ့ ရုပ်အလောင်းကို မဲဆောက်မြို့အစွန် တောစပ်တစ်နေရာမှာ ဇူလိုင်လ (၄) ရက်နေ့မနက်ပိုင်းက တွေ့ရှိခဲ့တဲ့အကြောင်း ထိုင်း ရဲအရာတွေကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားတာပါ။

မဲဆောက်ဆေးရုံရဲ့  ဆေးပညာဆိုင်ရာ မှုခင်းစစ်ဆေးတွေ့ရှိချက်တွေမှာတော့ ကလေးငယ်ရဲ့  အမျိုးသမီးအင်္ဂါ အတွင်းပိုင်းမှာ ဒဏ်ရာနဲ့အတူ သွေးစသွေးနတွေကို စစ်ဆေးတွေ့ရကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကလေးငယ်ဟာ နေအိမ်ခြံဝန်းအတွင်း တစ်ယောက်တည်း ကစားနေစဉ် ဇူလိုင် ၃ ရက်နေ့ ည ၇ နာရီလောက်က  စတင် ပျောက်ဆုံးခဲ့ပြီး နောက်နေ့ မနက်ပိုင်းမှာ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။

ဇူလိုင် (၃) ရက်နေ့ ညနေပိုင်းက ကလေးငယ်ကို ယောက်ျားတစ်ယောက်က ခေါ်ဆောင်သွားပြီးနောက် ကလေးငယ်မပါပဲ သူတစ်ယောက်တည်း ပြန်လာတာကို တွေ့မြင်လိုက်တဲ့ မျက်မြင်အချို့ရှိခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီလို မျက်မြင်တွေရဲ့ ထွက်ဆိုချက်တွေအရ ဆက်လက် စုံစမ်းဖော်ထုတ်ရမှာတော့ တရားခံအမျိုးသားဟာ မြန်မာနိုင်ငံမှာ နေထိုင်စဉ် အရင်ကလည်း အလားတူ အဓမ္မပြုကျင့်မှုနဲ့ ပြစ်မှုထင်ရှားလို့ ထောင်ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရဖူးသူ တစ်ဦးဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တာပါ။

လက်ရှိအခြေအနေမှာ ကလေးငယ်ကို အဓ္ဓမပြုကျင့် သတ်ဖြတ်သူ တရားခံကို ထိုင်း ဥပဒေနဲ့ အရေးယူအပြစ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ မဲဆောက်ခရိုင်ရဲအရာရှိတွေကို ကိုးကားပြီး ထိုင်းကလာတဲ့ သတင်းတွေမှာ ဖော်ပြနေကြတာဖြစ်ပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)