
0
121




ဒီမိုကရေစီနိုင်ငံရဲ့ အဓိကပြယုဂ်မှာ လွှတ်တော်တွေဖြစ်တာကြောင့် လွှတ်တော်တွေခိုင်မာ အားကောင်းဖို့လိုအပ်


ဒီမိုကရေစီနိုင်ငံတွေရဲ့ အဓိကပြယုဂ်မှာ လွှတ်တော်တွေ ဖြစ်ပြီး မိမိတို့ လွှတ်တော် တွေ ခိုင်မာအားကောင်းဖို့ လွှတ်တော်အချင်းချင်းဆွေးနွေးညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်ကြောင်း မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က တိုက်တွန်းပြောကြားခဲ့ပါတယ် ။


မနေ့က ဇူလိုင် ၅ရက်နေ့က နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ မှာ မြန်မာနိုင်ငံ လွှတ်တော် အဖွဲ့(Myanmar Parliamentary Union- MPU) အစည်းအဝေး ကျင်းပခဲ့တာပါ။


ဒါအ့ပြင် တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် ကြုံတွေ့နေရတဲ့ လွှတ်တော် လုပ်ငန်းဆိုင်ရာ အခြေအနေတွေ ကိုပွင့်ပွင့်လင်းလင်း ဝိုင်းဝန်းဆွေးနွေးကြဖို့ လိုအပ်ကြောင်းနဲ့ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဆိုင်ရာ နည်းဥပဒေပြင်ဆင် နိုင်ရေးကိုလည်း ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ တွေ ပြင်ဆင်မှုနဲ့ ချိတ်ဆက်ပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့ပါတယ် ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)