
0
198




တစ်နိုင်ငံလုံးမှာ H1N1 ကူးစက်ခံရသူ ၁၅၀ ထိ ရှိလာ

မြန်မာတစ်နိုင်ငံလုံးမှာ H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်ခံရသူ ၁၅၀ ဦးနဲ့ သေဆုံးသူ ၃၀ ဦးထိ ရှိလာပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန သတင်းထုတ်ပြန်ထားပါတယ်။


စာရင်းတွေအရ ဇန်နဝါရီလ ၁ရက်နေ့ကနေ ဇူလိုင်လ ၅ ရက်နေ့အထိ သံသယလူနာ ၄၂၄ ဦးကို စစ်ဆေးခဲ့ပြီး ၁၅၀ ဦးဟာ ကူးစက်ခံနေရတာ ဖြစ်ပါတယ်။


လက်ရှိမှာ H1N1 ရာသီတုပ်ကွေးရောဂါ ကူးစက်မှုနှုန်းမြင့်တက်လာပြီး ရန်ကုန်တိုင်းအတွင်းမှာ ကူးစက်ခံရသူ ၈၀ ကျော်နဲ့ သေဆုံးသူ၂၄ဦး ရှိနေတာဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးမှာ ကူးစက်ခံရသူ ၇ဦးနဲ့ သေဆုံးသူ ၃ဦး စစ်ကိုင်းတိုင်းမှာ ၄ဦးနဲ့ ကူးစက်ခံရသူ ၂ဦး ရှိပြီး မွန်ပြည်နယ်မှာ သေဆုံးသူ တစ်ဦးရှိတာဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)