
0
107




ကြိုတင်မဲပေးခြင်းနဲ့ ပွင့်လင်းမြင်သာမှု၊ သမာသမတ်ကျမှုကို ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဆောင်ရွက်နေ


ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးခြင်းနဲ့ ပတ်သက်ပြီး ပွင့်လင်း မြင်သာမှု၊ သမာသမတ်ကျမှုကို ဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေက ကြီးကြပ်ဆောင်ရွက် နေတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားခဲ့ပါတယ်။


ဇူလိုင်လ ၅ရက်နေ့က နေပြည်တော်ရှိ ရွှေစံအိမ် ဟိုတယ်မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပါဝင်သော Vision 2020 က မြန်မာနိုင်ငံ ရွေးကောက်ပွဲများအတွက် အရေးကြီးအချက် (၅) ချက်နှင့်ပတ်သက်၍ ကဏ္ဍစုံမှ ဆက်စပ် ပတ်သက်နေသူများ အကြား ဆွေးနွေးပွဲကျင်းပခဲ့တာပါ။


လက်ရှိမှာ နိုင်ငံတော်အစိုးရ၊ ပြည်သူနှင့် နိုင်ငံရေး ပါတီအားလုံးတို့ဟာ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်နိုင်ရေး ရည်ရွယ်ချက်တူညီစွာဖြင့် ပူးပေါင်းဆောင် ရွက်ရန် အချိန်အခါ ကျရောက်နေပြီ ဖြစ်တဲ့အတွက် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ရေး နိုင်ငံကြီးသား ပီသစွာ ကျရာကဏ္ဍက တာဝန်ယူဆောင်ရွက်ပေးပါရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။

https://www.mcntv.biz/wp-content/uploads/2020/08/Gads12-09.jpg (Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)