အမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးကို ရောင်းစားသူတွေ ထောင်ဒဏ် နှစ် ၂၀ ကျ

0
526

မြန်မာအမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးကို တရုတ်နိုင်ငံ ပို့ဆောင် ရောင်းစားခဲ့သူတွေကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ အမှတ် (၁၂) ရပ်ကွက်နေ မလီမိန်ကျိန်း (တိမ်းရှောင်) နဲ့ ခင်ပွန်း ရန်ယုံတဲ့ (တိမ်းရှောင်)၊ မရန်မြင့်ရီနဲ့ ခင်ပွန်း လီရှင်းဖ တို့က ကွတ်ခိုင်မြို့နယ်၊ တာခိုင်ဟော့ကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးနဲ့ သား နှစ်ဦးကို သွေးဆောင် စည်းရုံးပြီး ရောင်းစားခဲ့တာပါ။

အမျိုးသမီးနဲ့ တစ်နှစ် အရွယ် သားတစ်ဦးကို တရုတ်နိုင်ငံ၊ လုံလင်မြို့နယ် ကျိန်းအမ်းရွာနေ တရုတ်အမျိုးသား ရှောက်မုန့်လင် ဆိုသူထံကိုလည်းကောင်း၊ အသက် ၄ နှစ်အရွယ် နောက်သားတစ်ဦးကို တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့နေ တရုတ်မိသားစုထံကိုလည်းကောင်း ရောင်းစားခဲ့တဲ့အတွက် နမ့်ခမ်းမြို့မ ရဲစခန်း (ပ) ၃၆/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအမှုကို မူဆယခြရိုငြ တရားရုံးကနေ လူကုနကြူး ဂိုဏြးဖှဲ့ကွူးလှနကြှောငြး ပှဈမှုထငရြှားလို့ ဇှနလြ ၃ ရကမြှာ တရားခံ မရနမြှင့ရြီနဲ့ လီရှငြးဖတို့ကို လူကုနကြူးမှု တားဆီးကာကှယရြေး ဥပဒေ ပုဒမြ ၂၈ (က) အရ အလုပနြဲ့ ထောငဒြဏြ နှဈ ၂၀ စီ ခမွှတခြဲ့ပှီး တိမြးရှောငနြတေဲ့ တရားခံတှကေို တရားခံပှေး ကှညောခဲ့ပါတယြ။

____________________

____________________

အမြိုးသမီးတဈဦးနဲ့ ကလေးနှဈဦးကို ရောငျးစားသူတှေ ထောငျဒဏျ နှဈ ၂၀ ကြ

မြန်မာအမျိုးသမီးတစ်ဦးနဲ့ ကလေးနှစ်ဦးကို တရုတ်နိုင်ငံ ပို့ဆောင် ရောင်းစားခဲ့သူတွေကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေအရ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ အမှတ် (၁၂) ရပ်ကွက်နေ မလီမိန်ကျိန်း (တိမ်းရှောင်) နဲ့ ခင်ပွန်း ရန်ယုံတဲ့ (တိမ်းရှောင်)၊ မရန်မြင့်ရီနဲ့ ခင်ပွန်း လီရှင်းဖ တို့က ကွတ်ခိုင်မြို့နယ်၊ တာခိုင်ဟော့ကျေးရွာနေ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးနဲ့ သား နှစ်ဦးကို သွေးဆောင် စည်းရုံးပြီး ရောင်းစားခဲ့တာပါ။

အမျိုးသမီးနဲ့ တစ်နှစ် အရွယ် သားတစ်ဦးကို တရုတ်နိုင်ငံ၊ လုံလင်မြို့နယ် ကျိန်းအမ်းရွာနေ တရုတ်အမျိုးသား ရှောက်မုန့်လင် ဆိုသူထံကိုလည်းကောင်း၊ အသက် ၄ နှစ်အရွယ် နောက်သားတစ်ဦးကို တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့နေ တရုတ်မိသားစုထံကိုလည်းကောင်း ရောင်းစားခဲ့တဲ့အတွက် နမ့်ခမ်းမြို့မ ရဲစခန်း (ပ) ၃၆/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ နဲ့ အမှုဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီအမှုကို မူဆယ်ခရိုင် တရားရုံးကနေ လူကုန်ကူး ဂိုဏ်းဖွဲ့ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားလို့ ဇွန်လ ၃ ရက်မှာ တရားခံ မရန်မြင့်ရီနဲ့ လီရှင်းဖတို့ကို လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ပုဒ်မ ၂၈ (က) အရ အလုပ်နဲ့ ထောင်ဒဏ် နှစ် ၂၀ စီ ချမှတ်ခဲ့ပြီး တိမ်းရှောင်နေတဲ့ တရားခံတွေကို တရားခံပြေး ကြေညာခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)