မိုင်းနင်းမိလို့ လက်ဖက်ခူးသွားတဲ့ ဒေသခံတစ်ဦး သေဆုံး

0
273

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့မှာ လက်ဖက်ခူးဖို့သွားတဲ့ ဒေသခံတစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ချုံးကျေးရွာအုပ်စု၊ ချုံးသစ်ကျေးရွာနေ စိုင်းဘဦးဟာ ချုံးသစ်ကျေးရွာနဲ့ မာမိုကျေးရွာ အကြားမှားရှိတဲ့ လက်ဖက်စိုက်ခင်းကို လက်ဖက်ခူးဖို့ သွားနေစဉ် သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့ ထောင်ထားတဲ့ တိုက်မိုင်းကို တိုက်မိခဲ့လို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။


___________________

___________________

မိုင်းနင်းမိလို့ လက်ဖက်ခူးသွားတဲ့ ဒေသခံတစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း မိုင်းငေါ့မြို့မှာ လက်ဖက်ခူးဖို့သွားတဲ့ ဒေသခံတစ်ဦး မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းငေါ့မြို့နယ်၊ ချုံးကျေးရွာအုပ်စု၊ ချုံးသစ်ကျေးရွာနေ စိုင်းဘဦးဟာ ချုံးသစ်ကျေးရွာနဲ့ မာမိုကျေးရွာ အကြားမှားရှိတဲ့ လက်ဖက်စိုက်ခင်းကို လက်ဖက်ခူးဖို့ သွားနေစဉ် သောင်းကျန်းသူ (စိစစ်ဆဲ) အဖွဲ့ ထောင်ထားတဲ့ တိုက်မိုင်းကို တိုက်မိခဲ့လို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ မိုင်းထိလူနာကို မိုင်းငေါ့ပြည်သူ့ဆေးရုံထံ ပို့ဆောင်နေချိန်မှာပဲ ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့သေဆုံး သွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)