ဆင်သရေ ကုန်ကူးမှု တိုက်ဖျက်ရေး လှုပ်ရှားမှု WWF စတင်

0
341

ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF) က မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့ ဆင်ရိုင်းတွေသတ်ပြီး ဆင်သရေ ခွာယူမှု တိုက်ဖျက်ရေးအတွက် အရှေကတောင် အာရှအစိုးရတွေကို တိုက်တွန်းလိုက်ပါတယ်။

သတင်းဓာတ်ပုံ – (STR/EPA)

ပြီးခဲ့တဲ့ လတွေထဲမှာ ဆင်ရိုင်း အသတ်ခံရမူဟာ နှစ်ဆတိုးလာကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံပြီးရင် ဆင်ရိုင်းကောင်ရေ အများဆုံးဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဆင်ရိုင်း ၁၄၀၀ ကနေ ၂ ထောင်အတွင်း ရှိမယ်လို့ ခန့်မှန်းရပေမယ့် တကယ့်အရေအတွက်က အဲဒီထက် နည်းနိုင်ပါတယ်။

အရင်တုန်းကတော့ ဆင်စွယ်အတွက် ဆင်ထီးတွေကို သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပေမယ့် အခုအခါမှာတော့ ဆင်သရေအတွက် ဆင်ရိုင်းတွေကို သတ်ဖြတ်လာတာကြောင့် ဆင်မတွေနဲ့ ဆင်ပေါက်ကလေးတွေပါ အန္တရာယ် ကျရောက်နေပါတယ်။

အဲဒါကြောင့် #SaveTheirSkin လှုပ်ရှားမှုကို စတင်ပြီး ဆင်ထိန်းသိမ်းရေး သင်တန်းနဲ့ လိုအပ်တဲ့ တန်ဆာပလာတွေ ရနိုင်ဖို့ ရန်ပုံတွေ ထူထောင်မှာ ဖြစ်ပါတယ်။

ဒီနှစ်အစောပိုင်းမှာ AFP သတင်းဌာနရဲ့ ဖော်ပြချက်အရ ကျိုက်ထီးရိုးရှိ ဆိုင်တစ်ဆိုင်မှာ ဆင်သရေ တစ်လက်မှ ပတ်လည်ကို ၅ ထောင်ကျပ်နဲ့ ရောင်းနေတယ်လို့ ရေးသားထားပါတယ်။

မြန်မာပြည်မှာ ဆင်သရေ ကုန်ကူးမှုက မြန်မြန်ကျယ်ပြန့်နေတယ်၊ အာရှမှာ ဝယ်လိုအားရှိလာလို့ ဆင်သရေကုန်ကူးမှု များလာပြီး တရားဥပဒေ စိုးမိုးရေးကလည်း နယ်စပ်ဖြတ်ကျော် တရားမဝင် လုပ်ဆောင်နေမှုတွေမှာ အားနည်းတယ်လို့ WWF မြန်မာ ဒါရိုက်တာ ဒေါက်တာ ခရစ္စတီ ဝီလျံက Coconuts Yangon အွန်လိုင်း သတင်းဌာနကို ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)