မြန်မာက ပြည်နှင်ဒဏ် ပေးလိုက်တဲ့ တူရကီနိုင်ငံသား ထောင်ကျ

0
429

ရန်ကုန်နဲ့ မန္တလေးမှာ တည်ထောင်ထားတဲ့ Horizon International School က ဒါရိုက်တာနဲ့ ဆရာဖြစ်သူ မူဟမ်မက် ဖာကန် ဆွတ်ခ်မန်းကို တူရကီ အစိုးရက ထောင်ဒဏ် ချမှတ်လိုက်ပါပြီ။

တူရကီမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှုကို စီစဉ်ခဲ့တဲ့ အစ္စလာမ် တရားဟောဆရာ ဖက်တူလာ ဂူလန်ရဲ့ အဖွဲ့ (FETO) နဲ့ ဆွတ်ခ်မန်းတို့ ပတ်သက်နေတယ်ဆိုပြီး နိုင်ငံကူးလက်မှတ်ကို တူရကီ အစိုးရက ပယ်ဖျက်လိုက်ပြီးနောက် မြန်မာအစိုးရက ပြည်နှင်ဒဏ် ပေးလိုက်တာ ဖြစ်ပါတယ်။

သူ့ကို တူရကီ ပြန်ပို့ရင် ဖမ်းမှာမို့ ကူညီဖို့ လူမှုကွန်ရက်ကနေ ဗီဒီယိုနဲ့ ပြောတင်ခဲ့ပေမယ့် တူရကီကို ပြန်ရောက်သွားပြီး ထိန်းသိမ်းထားတာ ၉ ရက်အကြာ မနေ့က ဇွန်လ ၅ ရက်နေ့မှာ ထောင်ဒဏ် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဆွတ်ခ်မန်းကို မေလ ၂၄ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်ရှိပြီး တူရကီရဲတွေက လာရောက် ခေါ်ယူသွားခဲ့တာ ဖြစ်ပါတယ်။ Human Rights Watch အဖွဲ့က ပြည်နှင်ဒဏ် ပေးမှုအတွက် မြန်မာနဲ့ ထိုင်းကို ပြစ်တင်ထားပါတယ်။

အတူတူ ပြည်နှင်ဒဏ် ပေးခံရတဲ့ သူ့ဇနီး အိုင်ဆီ ဆွတ်ခ်မန်းနဲ့ ၂ နှစ်အရွယ် သမီးတို့နဲ့ ခွဲထားခဲ့ပြီး ဆွတ်ခ်မန်း ထောင်ဒဏ် ဘယ်နှနှစ်ကျတယ်ဆိုတာကိုတော့ သတင်းတွေမှာ ဖော်ပြမထားပါဘူး။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လ မအောင်မြင်တဲ့ တူရကီ အာဏာသိမ်းဖို့ ကြိုးပမ်းမှုမှာလူ ၂၄၀ သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။ အဲဒီအတွက် တရားဟောဆရာ ဂူလန်နဲ့ အဖွဲ့ကို တူရကီ အစိုးရက နှိမ်နင်းနေတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)