မြန်မာနိုင်ငံရဲ့ စီပွားရေး ဂျက်ပါဝါနဲ့ လေထဲပြေးအောင်လုပ်မယ်

0
346

မြန်မာနိုင်ငံရဲ့ စီပွားရေးလာမယ့်နှစ် ဂျက်ပါဝါနဲ့ လေထဲပြေးအောင်လုပ်မယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ပြောဆိုလိုက်ပါတယ်။

ဇွန်လ ၅ ရက်နေ့က နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဖိုရမ်(Myanmar Investment Forum 2017) မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက အခုလိုပြောဆိုလိုက်တာပါ။

”ကျနော်တို့ အစိုးရအဖွဲ့ အနေနဲ့ ခံယူထားတဲ့ ခံယူချက်လေးတခု ရှိပါတယ်။ ပြီးခဲ့တဲ့ ကုန်ဆုံးခဲ့တဲ့ တနှစ်တာကာလမှာ လေယာဉ်ပျံတစ်စီး အနေနဲ့ Run way မှာ ပြေးတဲ့ အချိန်ကာလလို့ သတ်မှတ်တယ်။

ဒါပေမယ့် ဒီနှစ် ဒီကာလကတော့ Run Way ကနေပြီးတော့ ကမ္ဘာ မြေကြီးရဲ့ Gravity ကို ဆန့်ကျင်တွန်းကန်ပြီးတော့ ဂျက်ပါဝါနဲ့ လေထဲကိုပြေးမယ့်နှစ်လို့ ပြောလို့ရပါတယ်”လို့ပြောဆိုလိုက်တာပါ။

ဒါအပြင် ၀န်ကြီးက မြေနဲ့ပတ်သက်တဲ့ အခက်အခဲတွေအတွက်  နှစ်(၇၀)အထိ မြေဌားရမ်းနိုင်အောင် စီစဉ်ပေးသွားမှာဖြစ်ပြီး အခုလိုလုပ်ဆောင်ရတာက အခြားနိုင်ငံတကာရင်းနှီးမြုတ်နှံမှုတွေ စိတ်ဝင်စားအောင် လုပ်ဆောင်တာဖြစ်ကြောင်း ၀န်ကြီးကပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)