စက်သုံးဆီ အရည်အသွေး စစ်ဆေးဖို့ နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်း တည်ထောင်မယ်

0
291

စက်သုံးဆီ အရည်အသွေး စမ်းသပ်စစ်ဆေးမှုတွေ အရှိန်မြှင့်ဖို့ ဒီနှစ်အတွင်း ပုဂ္ဂလိကနဲ့ အကျိုးတူ ပူးပေါင်းကာ နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းတစ်ခုကို အမြန်ဆုံး တည်ထောင်ဖို့ ဆောင်ရွက်နေပါတယ်။

သတင်းဓာတ်ပုံ – STR/EPA

မနေ့က ဇွန်လ ၅ ရက်နေ့ အမျိုးသားလွှတ်တော်မှာ မွန်ပြည်နယ်က မဲဆန္ဒနယ် အမှတ် (၁) က အမတ် ဦးအေးမင်းဟန်က ပုဂ္ဂလိက စက်သုံးဆီ အများစုဟာ အရည်အသွေး မပြည့်မီတဲ့ စက်သုံးဆီတွေ ရောင်းတယ်လို့ ပြည်သူတွေက ပြောတဲ့အတွက် စက်ဆုံးဆီအရောင်းဆိုင်တွေကို စစ်ဆေးအရေးယူဖို့ အစီအစဉ် ရှိ၊ မရှိ မေးခဲ့ပါတယ်။ အဲဒီမေးမြန်းချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ပြည်ပက တင်သွင်းတဲ့ စက်သုံးဆီတွေကို သန်လျင်ရှိ အမှတ် (၁) ရေနံချက်စက်ရုံမှာ ဓာတ်ခွဲစမ်းသပ်ပြီး အရည်အသွေး စံချိန်စံညွှန်း ကိုက်ညီမှ ရောင်းချခွင့် ပြုပါတယ်။

ရှောင်တခင် စစ်ဆေးခြင်း၊ တိုင်စာကြောင့် စစ်ဆေးခြင်းတို့ကြောင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း စက်သုံးဆီ ၆၆ ဆိုင်ကို စာနဲ့ သတိပေးတာ၊ ရောင်းချခွင့် ယာယီ ပိတ်သိမ်းတာတွေ လုပ်ခဲ့တယ်လို့ ဒု ဝန်ကြီး ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)