အိမ်အကူ မိန်းကလေးကို ရက်စက်စွာ နှိပ်စက်တဲ့ လင်မယားကို ဖမ်းဆီး

0
312

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်မှာ အိမ်အကူ မိန်းကလေးငယ်ကို ရက်စက်စွာ နှိပ်စက်ညှဉ်းပန်းတဲ့အတွက် လင်မယား နှစ်ယောက်ကို ဖမ်းဆီးလိုက်ပါတယ်။

၉၄ ရပ်ကွက်၊ အေ (၆) လမ်း၊ တိုက် ၁၁၊ အခန်း ၄၀၂ နေ အိမ်ရှင်တွေက အိမ်အကူ မိန်းကလေးကို နှိပ်စက်ညှဉ်းပန်းနေတယ်လို့ သိရတဲ့ အတွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးကို အကြောင်းကြားကာ ဇွန်လ ၄ ရက်နေ့ ညနေမှာ ဝင်ရောက် စစ်ဆေးတာ ဖြစ်ပါတယ်။

မီးပူနဲ့ ကပ်ခြင်း၊ ရေနွေးပူနဲ့ လောင်းခြင်း၊ တုတ်နဲ့ ရိုက်ခြင်းတို့ကြောင့် အိမ်အကူ မိန်းကလေးရဲ့ ရင်ဘတ်၊ ကျောကုန်း၊ လက်မောင်း နှစ်ဖက်၊ ပေါက်နှစ်ဖက်တို့မှာ မီးအပူလောင် ဒဏ်ရာတွေ၊ ခေါင်းနဲ့ ခြေထောက်တို့မှာ ဖူးရောင်ဒဏ်ရာတွေ တွေ့ရှိရပါတယ်။

အိမ်ရှင်တွေဖြစ်တဲ့ ထွန်းထွန်းနဲ့ မြတ်နိုးသူတို့ လင်မယားကို ရာဇသတ်ကြီး ပုဒ်မ ၃၂၆၊ ၃၂၅၊ ၁၁၄ တို့နဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့မ ရဲစခန်းက အရေးယူထားပါတယ်။ ကလေးသူငယ် ဥပဒေနဲ့လည်း အရေးယူဖို့ လုပ်ဆောင်နေပြီး လူကုန်ကူးမှု ဥပဒေတွေနဲ့ ငြိစွန်းခြင်း ရှိ၊ မရှိကိုလည်း စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)