ဒေါ်အောင်ဆန်းစုကြည် ကနေဒါကို ရောက်ရှိ

0
268

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းမှာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့ကို ရောက်ရှိပါတယ်။

လက်စတာ ဘီ ပီယာဆန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကနေဒါဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ်၊ အွန်တိုရီယို ပြည်နယ် အခြေစိုက် မြန်မာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် မစ္စတာ ဘရိုင်ယန် ဝေးလ်ဖတ်တို့က ကြိုဆိုကြပါတယ်။

တည်းခိုမယ့် ရွိုင်ယယ်ယော့ ဟိုတယ်မှာလည်း ကနေဒါနိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ကြိုဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ကနေဒါနဲ့ ဆွီဒင်နိုင်ငံတို့ကို တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)