ဟိုင်းကြီးကျွန်း ကျေးရွာတွေမှာ ကြွက်ဝမ်းဖြူ ၁၇၀၀ ခန့် သုတ်သင်

0
356

ဟိုင်းကြီးကျွန်းမြို့ရှိ ကျေးရွာတွေမှာ သစ်ပင်တွေပေါ် တက်နေတဲ့ ကြွက်ဝမ်းဖြူ စုစုပေါင်း ၁၆၆၇ ကောင်ကို သုတ်သင်ပြီး စနစ်တကျ မြေမြှေုပ်ခဲ့ကြပါတယ်။

ကြွက်ဝမ်းဖြူ အများအပြားကို ဇွန်လ ၃ ရက်နေ့ကစပြီး ဇီးချိုင်ကျေးရွာ၊ ကံချိုင်ကျေးရွာ အုပ်စု၊ ကျောက်ချောင်းကျေးရွာ အုပ်စုတွေမှာ တွေ့ရှိရတာ ဖြစ်ပါတယ်။ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး ဒေသခံတွေက၊ သက်ဆိုင်ရာ အာဏာပိုင်တွေက နှိမ်နင်းကြတာ ဖြစ်ပါတယ်။

ကြွက်ဝမ်းဖြူတွေ အစုလိုက် အပြုံလိုက် ပြောင်းတာဟာ အစာရေစာကြောင့် ပြောင်းတာ ဖြစ်နိုင်သလို မြေငလျင်တစ်ခုရဲ့ ရှေ့ပြေးလည်း ဖြစ်နိုင်တယ်လို့ မြန်မာနိုင်ငံ မြေငလျင် ကော်မတီက ဒေါက်တာ မောင်သိန်းက ပြောထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)