လက်နက်တွေနဲ့ ဖမ်းမိတဲ့ ထိုင်းလေတပ် တပ်ကြပ် လက်နက်ကုန်ကူးဖို့ ဖြစ်ကြောင်း ဝန်ခံ

0
312

လက်နက်တွေနဲ့ ဖမ်းမိထားတဲ့ ထိုင်းလေတပ် တပ်ကြပ်ကြီးက ဒီလက်နက်တွေဟာ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်တွေကို ရောင်းချဖို့ ဖြစ်တယ်လို့ ဝန်ခံလိုက်ပါတယ်။

လော့ဘူရီ ခရိုင် အမှတ် (၂) တပ်က ပထမတန်း လေတပ် တပ်ကြပ်ကြီး ပါခင် ဒက်ဆွန်ဖုန်ကို ဇွန်လ ၃ ရက်နေ့က တာ့ဒိစတြိတ်၊ ဆုခွန်ဗစ် လမ်းကြီးပေါ်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ပစ်ကပ် ကားပေါ်မှာ အေကေ ရိုင်ဖယ် အများအပြား၊ စက်သေနတ်များ၊ ကျည်ဆံပုံး ၁၀၀ ကျော် ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

အဲဒီ လေတပ် တပ်ကြပ်ကြီးဟာ ပြည်တွင်း လုံခြုံရေး အဖွဲ့မှာလည်း ထောက်လှမ်း အရာရှိအဖြစ် တာဝန် ထမ်းဆောင်ပါတယ်။

ရဲချုပ် ဆရီဝါရာ ရန်စီဗြဟ္မဏကူးလ်က လေတပ် တပ်ကြပ်ကြီးကို စစ်မေးရာမှာ ဒီလက်နက်တွေကို အမည်မသိ ကမ္ဘောဒီးယား တစ်ဦးဆီက ဝယ်ခဲ့တယ်လို့ ထွက်ဆိုပါတယ်။ သူဒီလို လက်နက်မှောင်ခို လုပ်နေတာ နှစ်ကြိမ် ရှိပြီဖြစ်ပြီး ထိုင်းနိုင်ငံရေးနဲ့ မပတ်သက်ဘူးလို့ ရဲချုပ်က ပြောပါတယ်။ လေတပ် တပ်ကြပ်ကြီးရဲ့ ကားလိုင်စင် နံပါတ်ပြားမှာ ရဲတံဆိပ် တပ်ဆင်ထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာလည်း ဘန်ခန် ဒိစတြိတ် ကယ်ရီ ပို့ဆောင်ရေးမှာ ရောက်နေတဲ့ M67 ဗုံး ခြောက်လုံး၊ M26 ဗုံးနှစ်လုံးနဲ့ ကျည်ဆံ ၁၀၀ ပါ ပါဆယ်ထုတ်ကိုလည်း သိမ်းဆည်းရမိပါတယ်။

ဒီအမှုနှစ်ခုကို ကြည့်ခြင်းအားဖြင့် ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် လက်နက် မှောင်ခိုမှုတွေ ရှိနေတယ်ဆိုတာ ပြတာပဲလို့ ထိုင်းနိုင်ငံ ငြိမ်ဝပ်ပိပြားရေး ကောင်စီက ပြောခွင့်ရ အမျိုးသမီး ဆရီချန်ငထွန်က ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)