ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖမ်းဆီးထားသူ ကလေးသူငယ် ၆ ဦးရှိ၊ ၁ ဦး အစာအိမ်ရောင်ပြီး သေဆုံး

0
269

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ဆက်စပ်ပြီး အသက် ၁၆ နှစ်အောက် ကလေးသူငယ် တရားခံ ၆ ဦးရှိပြီး ၁ ဦးက အစာအိမ်ရောင် ရောဂါနဲ့ သေဆုံးသွားခဲ့ပါတယ်။

သတင်းဓာတ်ပုံ – (NYEIN CHAN NAING/EPA)

ကလေးသူငယ် တရားခံ ၆ ဦးကို မောင်တောမြို့နယ် တရားသူကြီးရဲ့ ထိန်းသိမ်းခွင့်နဲ့ ဘူးသီးတောင်မြို့နယ် အမှတ် (၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှာ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးနဲ့ အညီ ထိန်းသိမ်းထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီ ၆ ဦးအနက် မာမတ်ရော်ဖီး (၁၅ နှစ်) ဆိုသူဟာ အစာအိမ်ရောင် ရောဂါကြောင့် ဆေးရုံ ၂ ကြိမ် တက်ခဲ့ရပြီး ဖေဖော်ဝါရီလထဲမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ကျန် ကလေးသူငယ်တွေကတော့ နိုဆီမူလ္လာ (၁၃ နှစ်) အဏ္ဏဝါ (၁၃ နှစ်)၊ ယာဆိမ်း (၁၃ နှစ်)၊ ဖဲလ်တူး (၁၄ နှစ်)နဲ့ ဇာဖော့အာလောင် (၁၅ နှစ်) တို့ ဖြစ်ကြပါတယ်။ သူတို့ ၅ ဦးကို ဘူးသီးတောင်မြို့နယ် ကလေးသူငယ်တရားရုံးမှာ ကလေးသူငယ် တရားသူကြီး ဦးဘသောင်းက ပွင့်လင်းမြင်သာစွာ အမှု စစ်ဆေးနေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)