Yangon Water Bus ကို လာမယ့် ဇွန်လအတွင်း စတင်ပြေးဆွဲမယ်

0
246

Yangon Water Bus ကို လာမယ့်ဇွန်လအတွင်း မနက် ၆ နာရီကနေ ညနေ ၆ နာရီခွင်အထိ စတင်ပြေးသွားမှာဖြစ်ပါတယ်။

Water Bus လုပ်ငန်းအကော်အထည်ဖော်ဖို့ တင်ဒါအောင်မြင်ထားတဲ့ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ တင့်တင့်မြန်မာ ကုမ္ပဏီ ရဲ့ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင် က မေလ ၅ ရက်နေ့ မီဒီယာတွေနဲ့ တွေ့ဆုံပြီး အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။

Yangon Water Bus ရန်ကုန် မြစ်ကြောင်းခရီးသည် ပိုဆောင်ရေး အစီအစဉ်အရ ပထမဆုံး ခရီးအစဉ်အဖြစ် လှိုင်သာယာ-အင်းစိန်-ဗိုလ်တစ်ထောင်  လမ်းကြောင်းကို စတင်ပြေးဆွဲဖို့ စီစဉ်ထားပြီး မှတ်တိုင်တွေအနေနဲ့ အင်းစိန်ကြိုးတံတားအနီး ၊ ဘုရင့်နောင်တံတား ၊ FMI အိမ်ရာ ၊ လှိုင်ဘူတာရုံလမ်း ၊ ကြည့်မြင့်တိုင် (ဈေးကြီးတံတား) ၊ လသာ (လမ်းသစ်တံတား)၊ ပန်းဆိုးတန်း(နန်းသီတာ)၊ ဗိုလ်တစ်ထောင် စတဲ့နေရာတွေမှာ ရပ်နားပေးသွားမှာဖြစ်ပါတယ်။

အဲဒီခရီးစဉ်မှာ ခရီးသည်တစ်ဦးကို ခရီးစဉ် အစ-အဆုံးအတွက် စီးနင်းခ ၅၀၀ ကျပ် သတ်မှတ်ထားပါတယ်။ Yangon Water Bus အစီအစဉ်အတွက် ရေယာဉ်တွေကို သြစတြေးလျနိုင်ငံ ၊ ထိုင်းနိုင်ငံတို့ကနေ မှာယူတင်သွင်းထားပြီး အစီးရေ ၂၀ ရှိတဲ့အထဲက ၁၆ စီးကို ပထမဆုံးစတင်အသုံးပြု ပြေးဆွဲသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)