ရှေးဟောင်း ပုဂံဘုရားစေတီတွေ ပြန်လည်ပြုပြင်ရာမှာ သဘာဝဘေးအန္တရာယ်ကို ထည့်တွက်ဖို့ မှာကြား

0
299

ငလျှင်ဒဏ်သင့် ရှေးဟောင်း ပုဂံဘုရားစေတီတွေကို ပြန်လည်ပြုပြင်ရာမှာ နောင်လာမယ့် သဘာဝဘေး အန္တရယ်တွေကိုပါ ထည့်သွင်းတွက်ချက်ပြီး စီမံဆောင်ရွက်ဖို့ ဒုသမ္မတ က မှာကြားလိုက်ပါတယ်။

မေလ ၅ ရက်နေ့ က ပုဂံရှေးဟောင်းနယ်မြေကိုရောက်ရှိနေတဲ့ ဒုသမ္မတ ဦးမြင့်ဆွေက ပျက်စီးသွားတဲ့ စေတီ၊ ပုထိုးတွေ ပြန်လည်ပြုမြင်ထိန်းသိမ်းမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပုဂံ-ညောင်ဦးဒေသ ရှေးဟောင်းဘုရား၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးဦးစီးကော်မတီ ဒုတိယအကြိမ် အစည်း အဝေးကို တက်ရောက် အမှာစကားပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၄ ရက်နေ့က ပုဂံဒေသမှာ အင်အား ရစ်ချက်စတာစကေး ၆ ဒသမ ၈ အဆင့်ရှိတဲ့ ငလျှင်လှုပ်ခပ်ခဲ့တာကြောင့် စေတီ၊ ပုထိုး ၃၈၉ ဆူ ထိခိုက် ပျက်စီးခဲ့ရပြီး အခုအချိန်မှာတော့ ၂၄၉ ဆူ ကို ပြန်လည်ပြုပြင် ထိန်းသိမ်း ပြီးစီးခဲ့ပြီဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)