ပြည်သူတွေ အမြင်မကြည်တာကို ဖျောက်ဖျက်ပစ်ဖို့ ရဲတွေ ကြိုးစားလာနေ

0
317

ပြည်သူတွေအနေနဲ့ ရဲတွေအပေါ် အမြင်မကြည်မှုတွေကို အရင်ခေတ်အဆက်ဆက် ရှိနေခဲ့ပြီး ပြောင်းလဲလာတဲ့ နိုင်ငံရေး အလှည့်အပြောင်းအရ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ဒီလို အမြင်မကြည်မှုကို ဖျောက်ပစ်ဖို့ ကြိုးစားလာနေပါတယ်။

13169796_1325018950846831_498948864_o

ဒီလိုဆောင်ရွက်ရာမှာ ပြည်သူကို ချဉ်းကပ်ပြီး အရေးယူဆောင်ရွက်ခြင်းထက် ပညာပေး ခြင်းကို ဦးစားပေးလုပ်ဆောင်ကြတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ လုပ်ခဲ့တဲ့အပေါ်မှာ အမြင်မကြည်မှုတွေလည်း ရှိခဲ့မှာပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဲလို အမြင်မကြည်လင်မှုတွေ ပျောက်သွားအောင်လို့ ပြည်သူနဲ့ ဆက်ဆံတဲ့အခါ နွေးနွေးထွေးထွေး ရင်းနှီးမှုဖြစ်အောင် ပြည်သူတွေကို ၀န်ဆောင်မှုပေးပြီးတော့ လုပ်ခဲ့ပါတယ် လို့ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ်က ပြောပါတယ်။

ဒ့ါအပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေနဲ့ မေလ ၁ ရက်နေ့ကနေစတင်ပြီး ရက် ၁၀၀ စီမံချက်ကို စတင် လုပ်ဆောင်နေပြီဖြစ်ပါတယ်။ စီမံချက်ကာလမှာ လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိစ္စတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ် က MCN သတင်းဌာနနဲ့ သီးသန့်တွေ့ဆုံ ခန်းမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်ရာမှာ ပြည်သူတွေအနေနဲ့ ရဲတပ်ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပြီး မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ မသင်္ကာစရာတွေ ၊ မှုခင်းတွေဖြစ်ပေါ်လာမယ့်အခြေအနေမျိုးတွေ တွေ့ရှိလာရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အမြန်ဆုံး အကြောင်းကြားဖို့ကိုလည်း တိုက်တွန်းသွားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)