တပ်မတော်ကို တိုက်ခိုက်တာဟာ အမျိုးသားရေးအန္တရာယ်ကို လက်ကမ်းခေါ်နေတဲ့အပြုအမူဖြစ်တယ်လို့ဆို

0
271

ပြည်ထောင်စုတပ်မတော်ကို စတင်တိုက်ခိုက်လိုက်တာဟာ အမျိုးသားရေးအန္တရာယ်ကို လက်ကမ်းခေါ်နေတဲ့အပြုအမူဖြစ်တဲ့အတွက် ဆင်ခြင်သုံးသပ်နိုင်ဖို့လိုတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြောကြားလိုက်ပါတယ်။

မေလ ၄ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေးမှာ ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပွားနေတဲ့ မြန်မာ့တပ်မတော်နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲတွေ ချက်ချင်းရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကို ဖိတ်ခေါ်ဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီးအဆိုနဲ့ပတ်သက်ပြီး ပြန်လည်ဖြေကြားစဉ်မှာ ပြောကြားလိုက်တာပါ။ ဒါအပြင် AA လက်နက်ကိုင်အဖွဲ့ဟာ တည်ဆဲဥပဒေကို ချိုးဖောက်နေတဲ့ အဖွဲ့အစည်းဖြစ်ပြီး ဒေသတိုးတက်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်နဲ့လက်တွဲ့ရမယ့်အစား တပ်မတော်ကို ရန်သူလို့ရှု့မြင်ပြီး ဒေသတွင်းလုံခြုံအောင် လက်နှက်ကိုင်အဖွဲ့အစည်းအဖြစ် ဖွဲ့စည်းဖို့လိုအပ်တယ်ဆိုတဲ့ ယူဆချက်ဟာ တည်ငြိမ်ရေးကို ပျက်ပြားစေတယ်လို့ထောက်ပြပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)