မြန်မာနိုင်ငံမှာ ၂၂ ဦးမြောက် COVID-19 ရောဂါပိုး ကူးစက်သူတစ်ဦး ထပ်မံတွေ့ရှိ

0
207

COVID-19 ရောဂါပိုး ကူးစက်သူတစ်ဦး ထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဒီနေ့ ဧပြီလ ၆ ရက်၊ ည ၈ နာရီမှာ သတင်း ထုတ်ပြန်ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာ Case-022 ဟာ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်တဲ့ အသက် (၅၁) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး ဓာတ်ခွဲ အတည်ပြုလူနာ Case-021 နဲ့အတူ မတ်လ ၂၄ ရက်မှာ အမေရိကန်နိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ကာ ထိုင်းနိုင်ငံသို့ မတ်လ ၂၅ ရက်နေ့၊ ညနေပိုင်းမှည ရောက်ရှိခဲ့တာပါ။
ထိုင်းနိုင်ငံမှ တစ်ဆင့် မတ်လ ၂၆ရက်နေ့မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခုမှာ အသွားအလာ ကန့်သတ်ခြင်း ဆောင်ရွက်ထားရှိစဉ် ဓာတ်ခွဲအတည်ပြုလူနာ Case-021 နဲ့အတူ တစ်ခန်းထဲတွင် နေထိုင်ခဲ့သူဖြစ်ပါတယ်။

အဲဒီ အမျိုးသမီးကို ဝေဘာဂီအထူးကုဆေးရုံသို့ လွှဲပြောင်းပြီး ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့တာ ဖြစ်ပြီး လူနာရဲ့ လတ်တလော ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်နေတယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အခု မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုထားသူ ၂၂ ဦး ရှိသွားပြီဖြစ်ပြီး တစ်ဦးကတော့ ရောဂါအခံနဲ့ သေဆုံးသွားပြီး ဖြစ်ပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)