မြန်မာနိုင်ငံရောက် ၂၆၇ ဦးကို အမေရိကန်အစိုးရက လေယာဉ်နဲ့ လာခေါ်

0
193

နေရပ်ပြန်ကြသူ အမေရိကန်နိုင်ငံသားတွေနဲ့ အမေရိကန်မှာ နေထိုင်သူ ၂၆၇ ဦးကို အမေရိကန်အစိုးရက စီစဉ်ပေးတဲ့ လေယာဉ်နဲ့ ဒီနေ့ ဧပြီလ ၆ ရက်နေ့ ညနေမှာ ပြန်လည် ခေါ်ဆောင်သွားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

အခုလိုနေရပ်ပြန်ကြမယ့် ၂၆၇ ဦးကို အမေရိကန်သံရုံးက အကူအညီပေးခဲ့ကြောင်းနဲ့ ဒီလေယာဉ်ခရီးစဉ် အဆင်ပြေချောမွေ့စေရေးအတွက် အကူအညီပေးအပ်ကြတဲ့ မြန်မာအာဏာပိုင်တွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ရေနဲ့ ကျန်းမာသန့်ရှင်းရေး အထောက်အပံ့ပစ္စည်းတွေ၊ COVID-19 ရောဂါကူးစက်မှု စီမံခန့်ခွဲရေး၊ ရောဂါ စောင့်ကြပ်ကြည့်ရှုရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေး အပါအဝင် ကိစ္စတွေအတွက် ဒေါ်လာ ၃ ဒသမ ၈ သန်း အကူအညီပေးဖို့ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီကလည်း မကြာသေးမီက ကတိကဝတ် ပြုခဲ့ကြောင်း၊ နိုင်ငံတစ်ဝန်း ရှေ့တန်းမှ ဆောင်ရွက်နေကြတဲ့ ကျန်းမာရေး ဝန်ထမ်းများအတွက်လည်း နည်းပညာ အကူအညီတွေကို အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) က ဆက်လက်ပေးအပ်နေကြောင်း၊ ဒီအကူအညီတွေ အားလုံးဟာ ကျန်းမာရေးကဏ္ဍ အကူအညီအတွက် ဒေါ်လာ ၁၇၆ သန်းကျော် ထည့်ဝင်သုံးစွဲပြီး မြန်မာနိုင်ငံအတွင်း ကျန်းမာရေးကဏ္ဍအပေါ် ကာလရှည်ကြာ ထားရှိထားတဲ့ မိမိတို့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)