COVID-19 သတင်းတွေ မီဒီယာမှာ ဖော်ပြရင် လက်သင်္ကေတပြ ဘာသာစကား ပူးတွဲ ထည့်သွင်းဖို့ တောင်းဆို

0
119

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး သတင်းအချက်အလက်တွေကို အွန်လိုင်းနဲ့ ရုပ်သံမီဒီယာတွေမှာ ဖော်ပြရင် လက်သင်္ကေတပြ ဘာသာစကားကိုပါ ပူးတွဲ ထည့်သွင်းဖော်ပြပေးဖို့ မြန်မာနိုင်ငံ နားမကြားသူများ ဖွဲ့ဖြိုးတိုးတက်ရေး အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက သဘောထား ထုတ်ပြန်လိုက်ပါတယ်။

COVID-19 ရောဂါ ကူးစက်ပြန့်နှံ့နေရာမှာ အွန်လိုင်းနဲ့ ရုပ်သံမီဒီယာတွေ အပါအဝင် နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် မီဒီယာတွေက ရောဂါဆိုင်ရာ သတင်းတွေကို အရေးတကြီး ထည့်သွင်းဖော်ပြ ထုတ်လွှင့်နေပေမယ့် နိုင်ငံအတွင်း ၆ သိန်းကျော် ရှိတဲ့ နားမကြားလူမှု အသိုင်းအဝိုင်းအတွက် သတင်းအချက်အလက်တွေ လက်လှမ်းမီရယူနိုင်ဖို့ ခက်ခဲနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

MRTV နဲ့ DVB သတင်းဌာနတို့ကသာ လက်သင်္ကေတပြ ဘာသာစကားနဲ့ သတင်းတွေ ဖော်ပြပေးနေကြောင်း၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု၊ အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေရဲ့ CPVOD-19 ဆိုင်ရာ ထုတ်ပြန်ကြေညာချက်တွေ၊ သတင်းစာရှင်းလင်းပွဲတွေ အပါအဝင် အရေးကြီး သတင်းတွေကိုလည်း အကြားအာရုံမသန်စွမ်းပြည်သူတွေ လက်လှမ်းမီ ရရှိစေရေး နိုင်ငံပိုင် မီဒီယာတွေက အစပြုပြီး တခြားသော ရုပ်သံ မီဒီယာတွေ၊ အွန်လိုင်းမီဒီယာတွေမှာလည်း လက်သင်္ကေတ ဘာသာစကားအပြင် စာတန်းထိုးခြင်းနဲ့ပါ ထည့်သွင်း ထုတ်လွှင့်နိုင်ရေး အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးဖို့ အလေးအနက် တိုက်တွန်းကြောင်း မြန်မာနိုင်ငံ နားမကြားသူများ ဖွဲ့ဖြိုးတိုးတက်ရေး အဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်း ၈ ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

(Data Credit to MOH & COVID-19 Myanmar Surveillance dataset By Ko Kyaw Myint Oo and Dr Nyein Chan Ko Ko) COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)